A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်အလံနှင့်​အမျိုး​သား​ဝတ်စုံ ပြင်ဆင်​ရေး​ ရခိုင်ပါတီ ကန့်​ကွက်မည်

ရ​ခိုင်​ြပည်​နယ်​အ​လံ
ရ​ခိုင်​ပြည်​နယ်​အ​လံ
ရခိုင်ပြည်နယ်လွှတ်​တော်မှာ ရခိုင်ပြည်နယ် အလံနဲ့​ အမျိုး​သား​ဝတ်စုံကို ပြင်ဆင်ဖို့​ ဆုံး​ဖြတ်ခဲ့​တာနဲ့​ စပ်လျဉ်း​ပြီး​ ရခိုင်တိုး​တက်​ရေး​ပါတီက ဆက်ကန့်​ကွက်သွား​မယ်လို့​ ​ပြောပါတယ်။ ရခိုင်အလံမှာ ပါရှိတဲ့​ သိရိဝစ္စပုံကို ဖြုတ်ပစ်ဖို့​ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီအမတ်ရဲ့​ အဆိုပြုချက်ကို ပြည်နယ်လွှတ်​တော်မှာ မဲခွဲဆုံး​ဖြတ်ရာမှာ ​ပြောင်း​လဲတဲ့​ဘက်က အနိုင်ရသွား​ပေမယ့်​ ဆက်ကန့်​ကွက်သွား​မယ်လို့​ ပါတီဥက္ကဋ္ဌ ​ဒေါက်တာ ​အေး​မောင်က ​ပြောပါတယ်။ “ရခိုင်ဝတ်စုံကို​ပြောဖို့​၊​ ရခိုင်ပြည်နယ်အလံကို ​ပြောင်း​ဖို့​ ကြံ့​ခိုင်​ရေး​က ကြိုး​စား​တာ ကျ​နော်တို့​ပါတီက​တော့​ လက်မခံဘူး​လေ။ လက်မခံ​တော့​ ကျ​နော်တို့​ စစ်​တွေမှာ ဦး​အောင်မြတ်​ကျော်တို့​ ဦး​ဆောင်ပြီး​တော့​ ကန့်​ကွက်ကြတယ်။ ကန့်​ကွက်ပြီး​ မဲခွဲ​တော့​ ကျ​နော်တို့​ ရှုံး​တယ်​ပေါ့​ဗျာ။ စစ်တွမှာ အဲဒီမဲရှုံး​တော့​ အဲဒီအလံကို​ပြောင်း​ဖို့​၊​ ရခိုင်အမျိုး​သား​ဝတ်စုံကို ​ပြောင်း​ဖို့​ဆိုတဲ့​ ဟာ​လေး​ကို ပြည်နယ်လွှတ်​တော်က ဆုံး​ဖြတ်တယ်ဆိုတာ ​တော်​တော်ကို ​မောက်​မောက်မာမာ ဆုံး​ဖြတ်တဲ့​ကိစ္စ။ ရခိုင်ပြည်နယ် လွှတ်​တော်ရဲ့​ ဆုံး​ဖြတ်ချက်ကို ကျ​နော်တို့​က​တော့​ လုံး​ဝမကြိုက်ဘူး​။ ဒါ သက်သက်လူမျိုး​တမျိုး​ရဲ့​ ယဉ်​ကျေး​မှုပိုင်း​ဆိုင်ရာ ဂုဏ်သိက္ခာပိုင်း​ဆိုင်ရာကို ဘာမှမဟုတ်တဲ့​ ပြည်နယ်လွှတ်​တော်အဆင့်​က ​ပေါက်တတ်ကရ ဆုံး​ဖြတယ်ဆိုတာ ဒါ ​တော်​တော်ကို မိုက်ရိုင်း​တာ ​စော်ကား​တာပဲ။”
ရ​ခိုင်​ရိုး​ရာဝတ်​စုံ
ရခိုင်အလံနဲ့​ အမျိုး​သား​ဝတ်စုံ​ပြောင်း​ဖို့​ မာန်​အောင်မြို့​နယ် ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီ ဒု-ဥက္ကဋ္ဌ ဦး​သာညွှန့်​က ပြီး​ခဲ့​တဲ့​ မတ်လ ၃၀ ရက်​နေ့​က စစ်​တွေမှာ ပြုလုပ်တဲ့​ ပြည်နယ်လွှတ်​တော် အစည်း​အ​ဝေး​မှာ အဆိုပြုခဲ့​တာလို့​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။ ပါတီဒု-ဥက္ကဋ္ဌ ဦး​အုံး​တင်ကလည်း​ ရခိုင်ပြည်နယ်အလံမှာပါတဲ့​ သီရိဝစ္စပုံဟာ ရခိုင်ဘုရင် အဆက်ဆက်သုံး​စွဲခဲ့​တဲ့​ အ​ကြောင်း​ရှင်း​ပြပြီး​ ရခိုင်အလံကို မ​ပြောင်း​သင့်​ပုံနဲ့​ ရခိုင်ဝတ်စုံနဲ့​ ပတ်သက်လို့​လည်း​ အမျိုး​သား​ဝတ်စုံဖြစ်လို့​ မ​ပြောင်း​လဲသင့်​ဘူး​လို့​ ​ပြောပါတယ်။ ​ပြောင်း​လဲသင့်​တယ်လို့​ အဆိုပြုတင်သွင်း​တဲ့​ ပြည်ခိုင်ဖြိုး​အမတ်​တွေက ဘာ​ကြောင့်​ ​ပြောင်း​လဲသင့်​တယ်ဆိုတဲ့​ ရှင်း​ပြချက်ကို​တော့​ ဆက်သွယ် ​မေး​မြန်း​လို့​ မရ​သေး​ပါဘူး​။ အလံနဲ့​ဝတ်စုံ​ပြောင်း​လဲဖို့​ လှုပ်ရှား​လာမယ်ဆိုရင် သူတို့​ပါတီက ကန့်​ကွက်မယ့်​အပြင် ပြည်သူ့​သ​ဘောထား​ ​ကောက်ယူပြီး​ လွှတ်​တော်သုံး​ရပ်စလုံး​ကို တင်ပြသွား​မယ်လို့​ ပါတီဒု-ဥက္ကဋ္ဌ ဦး​အုံး​တင်က ဆိုပါတယ်။ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ ပြီး​ခဲ့​တဲ့​ မတ်လ ၃၁ ရက်​နေ့​က ရခိုင်သမိုင်း​ပညာရှင်နဲ့​ အသိပညာရှင်​တွေ စစ်​တွေမြို့​မှာရှိတဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ပါတီ ဗဟိုရုံး​ခန်း​မမှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြပါ​သေး​တယ်။  

A d v e r t i s e m e n t With Us

More News
Up