A d v e r t i s e m e n t With Us

အာရှ-ဥရောပ အစည်းအဝေး အောင်မြင်စွာကျင်းပရေး ဆွေးနွေး

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဗဟိုကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ လုပ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။ (၁၃)ကြိမ်မြောက် အေဆမ် (အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ သက်ဆိုင်ရာကော်မတီတွေရဲ့ တင်ပြချက်တွေကို ညှိနှိုင်း လမ်းညွှန်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။ အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ်က မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။ အေဆမ် (အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဥရောပနိုင်ငံပေါင်း ၃၀ နဲ့ မိတ်ဖက်အာရှနိုင်ငံပေါင်း ၂၀ တို့က နိုင်ငံ့ခေါင်းဆောင်တွေ၊ ဥရောပ ကောင်စီဥက္ကဋ္ဌ၊ ဥရောပကော်မ ရှင်ဥက္ကဋ္ဌ၊ အီးယူနိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ်၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up