ထိုင်းပင်လယ်ကွေ့တွင် မုန်တိုင်းငယ်ဖြစ်ပေါ်
DVB
·
November 6, 2017
ထိုင်းပင်လယ်ကွေ့ထဲမှာ မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး ကော့သောင်းမြို့ရဲ့ တောင်ဘက် ကနေ ကပ္ပလီပင်လယ်ပြင်ကို ရွေ့လျားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
ဒီနေ့ညနေ ၄ နာရီ ၂၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တင်လိုက်တာပါ။
တောင်တရုတ်ပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းပင်လယ်ကွေ့ကို ရောက်လာပြီး မုန်တိုင်းငယ် ဖြစ်လာခဲ့တာပါ။
လောလောဆယ်မှာတော့ ဗဟိုချက်အနီးလေတိုက်နှုန်း တစ်နာရီ မိုင် ၃၀-၃၅ မိုင်နှုန်းလောက်ရှိနေပြီး အနောက်မြောက်ယွန်းယွန်းကို တဖြည်းဖြည်းရွေ့လျားနေတယ်လို့ ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံ ကော့သောင်းမြို့ရဲ့ တောင်ဘက်ကနေ ဖြတ်သန်းပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ဝင်ရောက်သွားနိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။