Home
မြန်မာသတင်း
အဓမ္မ လုပ်အားပေးစေခိုင်းမှုများ ရှိနေ
DVB
·
April 3, 2012
ကချင်ပြည်နယ်မှာ အဓမ္မလုပ်အားပေးစေခိုင်းတာတွေ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် မိုးကောင်မြို့နယ်မှာရှိတဲ့ ထိုဖူးကျေးရွာ၊ ရွှေအင်းကျေးရွာနဲ့ ဖွေးဟော်ကျေးရွာတွေ အဓမ္မအလုပ်စေခိုင်းတာတွေ ရှိနေတာပါ။ မတ်လဆန်း အတွင်းမှာ မိုးကောင်းမြို့နယ် ပင်ဘော်ကျေးရွာအုပ်စု အာဏာရကြံခိုင်ရေးပါတီက ဦးကျော်မြင့်ကနေ ပင်ဘော်၊ ထိုဖူးနဲ့ ရွှေအင်းချောင်း အပေါက်ကို ပိတ်ဖို့အတွက် ငွေ သိန်း ၃၀ ပေးပြီတော့ စေခိုင်းပါတယ်။ ထိုဖူး၊ ရွှေအင်းကျေးရွာက အုပ်ချုပ်ရေးမှူးတွေဟာ လယ်သမားတွေဆီက ငွေကောက်ခံပြီးတော့ တအိမ်ထောင်ကို တစ်ပေခွဲလုံးပတ်ရှိတဲ့ သစ်လုံးတလုံးဆီနဲ့ တရက်ကို လုပ်အားပေး လူ ၅၀ ဆင့်ခေါ်တယ်လို့ မိုးကောင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ရွာသူရွာသားတွေကို အစည်းအဝေးခေါ်တယ်။ ၆ ရက်၊ ၃ လ၊ ၂၀၁၂ မှာ ခေါ်ပြီးတော့မှ အဲဒီ ရေနစ်တဲ့ လယ်ယာတွေကို လယ်သမားတဦးကို တအိမ်ထောင်ကို ၂ သောင်းနှုန်း ကောက်တယ်။ ပြင်ပ အဲဒီရွာက မဟုတ်ဘဲနဲ့ တခြားရွာက လုပ်တဲ့လယ်သမားတွေကျတော့ ၅ သောင်းကောက်တယ်။ အဲဒီ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကောက်တာပါ။ ကောက်ပြီးတော့မှ သူတို့က အဲဒီရွာသူရွာသားတွေ အားလုံကိုတော့ တအိမ်ထောင်ကိုတဲ့ တပေးခွဲ လုံးပတ်ရှိတဲ့ သစ်လုံးတွေကို တအိမ်ထောင်ကို တလုံးစီ ပို့ခိုင်းတယ်တဲ့။ နောက်ပြီးတော့ တရက်ကို လုပ်အားပေး အယောက် ၅၀ နှုန်းနဲ့ ဆင့်ခေါ်တယ်ပေါ့။ ၃ ကြိမ်ဆင့်ခေါ်လို့ မလာရင် ရဲနဲ့ တိုင်ပြီးတော့မှ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်တဲ့။” သမ္မတ ဦးသိန်းစိန်ကတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြင်ဆင်တဲ့ ဥပဒေကို မတ် ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး မည်သူမဆို တဦးတယောက်ထံမှ ဆန္ဒအလျောက်မပါဘဲ အဓမ္မအလုပ်စေခိုင်းရင် စေခိုင်းသူဟာ ထောင်ဒဏ် သို့မဟုတ် ကျပ် ၁ သိန်း ထက်မပိုတဲ့ ဒဏ်ငွေ နှစ်ရပ်စလုံး ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024