Home
မြန်မာသတင်း
ရွာသားကို ​သေနတ်​ဖြင့်ပစ်​ခတ်​ခဲ့သည့် ပီအန်​​အေဗိုလ်​​ကို ဌာနချုပ်​က အ​ရေးယူ
DVB
·
November 5, 2017
  ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ယမ်းတွမ်းငါးကြောင်ကျေရွာအုပ်စု ဆတ်သေရွာမှာ ကျေးရွာကထိန်ပွဲအတွင်း ပအိုဝ်းဌာနေပြည်သူ့စစ်အဖွဲ့ (ပီအန်အေ)  ဗိုလ်လေးသိန်းတိုး အရက်မူးပြီး ရွာသားနှစ်ဦးကို ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပီအန်အေဗဟိုဌာနချုပ်က နိုဝင်ဘာလ ၄ ရက်နေ့က အရေးယူထုတ်ပယ်လိုက်ပါတယ်။ ထို့အပြင် သေနတ်ထိမှန်သောရွာသားနှစ်ဦးရဲ့ ဆေးကုသမှုစရိတ်ကိုလည်း ပီအန်အေ ဗဟိုဌာနချုပ်က တာဝန်ယူဖြေရှင်းပေးခဲ့တယ်လို့ ပီအန်အေ ဗဟိုဌာနချုပ် ဗိုလ်မှူး ခွန်အောင်သိန်းက ပြောပါတယ်။ “ကျနော်တို့ ဌာနချုပ်ကနေပြီးတော့ ဒဏ်ရာရသူတို့မိဘတွေကို သွားတွေ့တယ် ဥပဒေ အတိုင်း အရေးယူမလား ဘယ်လိုလုပ်ချင်လဲ သွားဆွေးနွေးတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးချင်တယ်ဆိုတဲ့တော့ ဒဏ်ရာရသူနှစ်ဦးကို ဆေးကုသစရိတ် ကျနော်တို့ ကူညီမယ် တာဝန်ယူမယ်။ ဗိုလ်လေးသိန်းတိုးကိုတော့ ကျနော်တို့အရေးယူပြီး ပီအန်အေအဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီ။ သူနဲ့ ပီအန်အေက မဆိုင်တော့ဘူး ဒီလိုမဆင်မခြင်လုပ်ဖို့ ခွင့်မပြုထားဘူး။ လက်နက်က ပြည်သူကို ကာကွယ်ဖို့ပေးထားတာ အနိုင်ကျင့်ဖို့ ပေးထားတာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ဒဏ်ရာရသူ ခွန်နွေဦး အစ်ကိုဖြစ်သူ ခွန်သိန်းအောင်က “ကျနော်တို့ အနေနဲ့ အမှုဖွင့်ချင်တာပေါ့၊ ဒါပေမယ့် အိမ်မှာအလုပ်လည်း ရှုပ်တယ်၊ လူနာလည်းစောင့်ရတယ်။ အမှုဖွင့် ပြီး ရုံးချိန်းခေါ်ရင် မသွားနိုင်ဘူး အခက်အခဲ ရှိတာမို့လို့ ကျေအေးပေးလိုက်တယ်” လို့ ဆိုပါတယ်။ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆတ်သေရွာမှာ နိုဝင်ဘာ ၂ ရက်နေ့က ကထိန်ပွဲအတွင်း ဗိုလ်လေးသိန်းတိုးက အရက်မူးပြီး အပြစ်မဲ့ပြည်သူကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ခွန်နွေဦးက ဒဏ်ရာ ပြင်းထန်တဲ့အတွက် ငွေ ၃၅သိန်း၊ ခွန်နိုင်ဦးကို ၈ သိန်းနဲ့ ပီအန်အေဗဟိုဌာနချုပ်က ဆေးကုသစရိတ်ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024