ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ တက်ရောက်ရန် ထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) တက်ရောက်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long၊ ထိုင်းဘုရင့်တပ်မတော် ရေတပ်စစ်သံမှူးနဲ့ လေတပ်စစ်သံမှူး၊ တာဝန်ရှိသူတွေက လေဆိပ်ကို ပို့ဆောင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up