မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပွဲတော် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ စစ်တောင်း မြစ်ကမ်းနံဘေးမှာ ၃ ရက်တာ ကျင်းပတဲ့ (၄၅) ကြိမ်မြောက် တန်ဆောင်တိုင်မီးမျှောပွဲဟာ ကြည့်ရှုသူများပြားလို့ စည်ကားသိုက်မြိက်လျက်ရှိတယ်လို့ ပွဲတော်ကျင်ပရေးကော်မတီဥက္ကဋ္ဌ က ပြောပါတယ်။ အစဉ်အလာမပျက်ကျင်းပလာတဲ့ ဒီမီးမျှောပူဇော်ပွဲကို အရင်နှစ်တွေကထက် ပိုမိုစည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ တေးသီချင်းဆိုဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲ၊ မြန်မာ့ရိုးရာလှေပြိုင်ပွဲ၊ မြန်မာ့ရိုးရာလတ်ဝှေ့ပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး တက်ခုတ်ယိမ်း၊ တက်ပျံယိမ်းအဖွဲ့၊ တိုင်းရင်းသားရိုးရာ ယိမ်းအကအဖွဲ့တွေနဲ့ ကပြဖျော်ဖြေနေတယ်လို့လည်း ဆိုပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို မဒေါက်မြို့တွင်း ဒေသစာရီကြွချီအပူဇော်ခံခဲ့ပြီး နေ့လယ်ပိုင်းမှာ ရိုးရာလှေပြိုင်ပွဲ၊ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ လတ်ဝှေ့ပွဲနဲ့ ညပိုင်းမှာ တေးသီချင်းဆိုဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲတွေကို အနယ်နယ်အရပ်ရပ်က လာရောက်ကြည့်ရှုသူ ထောင်ချီရှိတယ်လို့လည်း သိရပါတယ်။ ပွဲတော်နောက်ဆုံးနေ့မှာ ရေသဘင်ပွဲတော်ကို အခမ်းအနားနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ကျေးရွာ ၁၁ ရွာက မြန့်မာ့ရိုးရာ လှေပြိုင်ပွဲ၊ တက်ခုတ်၊ ယိမ်းတက်၊ ပြိုင်ယိမ်းနဲ့ တိုင်းရင်းသားရင်းသားရိုးရာယိမ်းတွေ ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ-နေလင်းထိုက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up