DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယငြိမ်းချမ်းရေးဆုရ
DVB
·
April 3, 2012
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယငြိမ်းချမ်းရေးဆုရ
Donate to DVB

အိန္ဒိယနိုင်ငံ ရှဟတ် လူမှုရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဘဂ၀ံမဟာဝီရ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ရွေးချယ် ပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ပူနေးမြို့ အခြေစိုက် ရှဟတ်လို့ ခေါ်တဲ့ လူမှုရေးအဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဘဂ၀ံ မဟာဝီရ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့အတွက် ဧပြီ ၂ ရက်နေ့ညနေပိုင်းမှာ နယူးဒေလီမြို့ ကွန်စတီကျူးရှင်း ကလပ်ခန်းမမှာ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပပြီး ထုတ်ပြန် ကြေညာသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် န၀တ၊ နအဖအစိုးရကနေ အစိုးရဖွဲ့ခွင့်မပေးဘဲ ဖိနှိပ်ဖမ်းဆီးခဲ့မှုတွေ အမျိုးမျိုးကြားကနေ ဒီနေ့အထိ မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့  ကြံ့ကြံ့ခံ ရပ်တည်လုပ်ဆောင်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ခုလို ဆုချီးမြှင့်ဖို့ ရွေးချယ်ရတာဖြစ်ကြောင်းနဲ့ ဒီဆုကို အိန္ဒိယနိုင်ငံသမ္မတ ကိုယ်တိုင်က ဆုပေးအပ်မှာ ဖြစ်ကြောင်း ရှဟတ်လူမှုအဖွဲ့ကြီးရဲ့ တာဝန်ရှိသူတွေက အိန္ဒိယသတင်းနဲ့ မီဒီယာတွေမှာ ပြောကြားသွားခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလိုက်တာဟာ အာဏာရှင် တို့ရဲ့ လွှတ်တော်အတွင်းမှာ ပထမဆုံးအကြိမ် တနေရာရလိုက်တဲ့ သမိုင်းဝင် အောင်မြင်မှုတခု ဖြစ်ကြောင်းလည်း ဒီနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013