A d v e r t i s e m e n t With Us

ကုန်တိုက်ထဲ ကျွဲရိုင်းကြီး ကြောက်မက်ဖွယ် ဝင်တိုက်ခိုက်၊ ၆ ဦး ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံ ဂျန်းစုခရိုင် ရန်ချန်းမြို့မှာ ပြီးခဲ့တဲ့အပတ်က အရိုင်းစိတ်ဝင်နေတဲ့ ကျွဲတကောင် ဈေးဝယ်ကုန်တိုက်ထဲ ဝင်ပြီး ဝယ်သူတွေကို တိုက်ခိုက်ခဲ့လို့ လူ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အသားသည်တဦးက ကျွဲကို ဝယ်ပြီးနောက် ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလို့ သိရပြီး ကျွဲက လွတ်မြောက်ဖို့အတွက် အသေအလဲ ကြိုးပမ်းခဲ့တာပါ။ ကုန်တိုက်ထဲ ကျွဲဝင်တိုက်ခိုက်ခဲ့လို့ စုစုပေါင်း လူ ၆ ဦး ဒဏ်ရာရကာ အဲဒီဒဏ်ရာ ရသူတွေထဲက ၂ ဦးကို ဆေးရုံမှာ ကုသပေးနေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရုပ်သံထဲမှာ ကျွဲက ကုန်တိုက်ထဲ ဝင်လာပြီး ဈေးဝယ်သူတဦးကို ဦးချိုနဲ့ ဝှေ့ရမ်း တိုက်ခိုက်ခဲ့လို့ ဝယ်သူ ကြမ်းပြင်ပေါ်လဲကျ၊ ပစ္စည်းတွေ ပြန့်ကျဲပျက်စီးကာ ဒဏ်ရာရသူကို ကယ်ဆယ်ရေးတွေက အထမ်းစင်နဲ့ ထုတ်သွားတာ တွေ့ရပါတယ်။ နောက်ဆုံးမှာ ကျွဲကို ရဲတွေက အသေ ပစ်ခတ်လိုက်တယ်လို့ ရှန်ဟိုင်းရစ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up