DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း (၂) နေရာ အန်အယ်လ်ဒီ ထပ်မံအနိုင်ရ
DVB
·
April 3, 2012
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းအတွင်းမှာ အမျိုးသားလွှတ်တော် နေရာတနေရာနဲ့ ပြည်သူ့လွှတ်တော်နေရာ တနေရာမှာ ထပ်မံ အနိုင်ရရှိတယ်လို့ ကာယကံရှင် လွှတ်တော်အမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ်မြေမှာ အန်အယ်လ်ဒီ အမတ်လောင်း ဒေါက်တာမြင့်နိုင်က အနိုင်ရသွားတာဖြစ်ပြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အန်အယ်လ်ဒီ အမတ်လောင်း ဒေါ်ခင်မွှေးလွင်က အနိုင်ရခဲ့တာပါ။

ဒေါက်တာမြင့်နိုင်က မဲအရေအတွက် ၁၆၉,၇၂၇ ရရှိပြီး ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်လောင်းက မဲအရေအတွက် ၅၅,၇၇၁ နဲ့ တစညပါတီက ၁၃,၈၉၈ အသီးသီး ရကြတယ်လို့ ဒေါက်တာမြင့်နိုင်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ် ဒေါက်တာလှိုင်မြင့်ဟန်က ဧပြီ ၃ ရက်နေ့ ညနေ သုံးနာရီမှာ ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်ခင်မွှေးလွင်ကတော့ မဲအရေအတွက် ၂၉,၉၉၂ မဲ ၊ ကြံ့ခိုင်ရေးအမတ်လောင်းက ၁၉,၇၇၉ မဲ၊ တစညပါတီအမတ် လောင်းက ၁,၈၂၈ အသီးသီး ရရှိတယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ခံ ဦးဘာဘာက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာအနက် နေရာ ၄၀ ရလဒ်ကို အတည်ပြု ထုတ်ပြန်ရာမှာ  နေရာ ၄၀ စလုံးကို အန်အယ်လ်ဒီက အနိုင်ရတယ်လို့ ကြေညာထားပါတယ်။

အတည်ပြုကြေညာဖို့ ကျန်နေတဲ့ နေရာတွေထဲမှာ အန်အယ်လ်ဒီက နောက်ထပ် နှစ်ဦး အနိုင်ရသွားတဲ့အတွက်  ၄၂ နေရာ အနိုင်ရရှိပြီး ဖြစ်ပါတယ်။ ကျန်နှစ်နေရာမှာတော့  လားရှိုး မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီက ကျားဖြူပါတီကို ရှုံးနိမ့်ပြီး တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က မဲရလဒ်ကို အတိအကျ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013