ဟိန္ဒူဘာသာဝင်များ ရေချိုးပွဲတော် ကျင်းပ

ပြည်မြို့က ဟိန္ဒူဘာသာဝင်တွေရဲ့ ရေချိုးပွဲတော်ကို နိုဝင်ဘာ ၄ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ ဧရာဝတီမြစ်ကမ်းနားဖူးမှာ တည်ရှိတဲ့ ရှရီရာမ်းဂျာနကီ ဘုရားကျောင်းမှာ ရေချိုးပွဲ ကျင်းပခဲ့ကြပါတယ်။ အဲဒီရေချိုးပွဲက လွန်ခဲ့တဲ့နှစ် ၂၀၀ ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့ တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာ ပြည်မြို့တမြို့တည်းမှာပဲ ကျင်းပတာဖြစ်ပါတယ်။ ဧရာဝတီမြစ်က ဂင်္ဂါမြစ်နဲ့လည်း အကုန်တူညီနေတာကြောင့် ဧရာဝတီမြစ်ထဲမှာ ရေချိုးကြတာလို့ ဟိန္ဒူဘာသာရေးဆရာ ဦးကံကြီးမောင်က ဒီဗွီဘီ ကို ရှင်းပြပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံအနှံအပြားက ဟိန္ဒူဘာသာဝင်တွေ သောင်းချီပြီးလာကြကာ ပွဲတော်ကို ၃  ရက်ကျင်းပပြုလုပ်ကြပါတယ်။ ညဘက်တွေမှာ ဘုရားဝတ်ပြုတာ၊ ဓမ္မတေးတွေ သိဆိုတာ၊ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ကပ်လှူပူဇော်တာတွေပြုလုပ်ခဲ့ကြပြီး ည ၁၂ နာရီကျော်ကနေ နောက်တနေ့ တန်ဆောင်မုန်းလဆုတ် ၁ ရက်နေ့ နေ့လယ် ၁၂ နာရီမတိုင်မီအထိ ရေချိုးတာကို ပြုလုပ်ကြပါတယ်။ အခုရက်က ပြည်မြို့က ရွှေဆန်တော်ဘုရားပွဲတော်နဲ့ အချိန်တပြိုင်တည်း ဖြစ်နေတာကြောင့် ဘုရားပွဲပွဲဈေးတန်း၊ လည်ပတ်ပြီးသူတွေက ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပစ္စည်းတွေ၊ အထိမ်းအမှတ်ပစ္စည်းတွေ၊ ရိုးရာအစားအသောက်တွေရောင်းချတဲ့ ပွဲဈေးတန်းကို ဆက်လက်လည်ပတ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up