သုံးခွတွင် မီးလောင်၊ နေအိမ် ၅ လုံး ဆုံးရှုံး
DVB
·
November 4, 2017
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှာ ဒီနေ့မနက် ၄ နာရီလောက်က မီးလောင်ခဲ့ပြီး အိမ် ၅ လုံး ဆုံးရှုံးခဲ့တယ်လို့ သုံးခွ ရဲစခန်းက ပြောပါတယ်။
အမှတ် ၄ ရပ်ကွက် အောင်ဇေယျလမ်းက လက်ဖက်ရည်ဆိုင်တဆိုင်ကနေ စလောင်ခဲ့တာပါ။
သုံးခွရဲစခန်း တာဝန်ကျတပ်ဖွဲ့ဝင်တယောက်က “မနက် ၃ နာရီ ၃၅ မိနစ်က စလောင်တယ်လို့ သိရပါတယ်။ ၄ နာရီ ၅၅ မှာ ငြိမ်းပါတယ်။ လောလောဆယ် သိရသလောက်ကတော့ အိမ် ၅ လုံးနဲ့ ကားတစီး မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်ကားအစီး ၄၀ လောက် သွားရောက် ငြိမ်းသတ်ရမယ့် Level 3 အထိ မီးသတ်ဌာနက သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပေါ် မီးသတ်စခန်းက ကားတွေလည်း သွားရောက်ခဲ့တာပါ။