ဇီဒန်းနှင့်အဆင်မပြေပါက စပါးနည်းပြကို အစားထိုးရန် ရီးရဲလ်စီစဉ်ထားဟုဆို

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းနဲ့ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် စပါးနည်းပြ ပိုချက်တီနိုနဲ့ အစားထိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ စပါးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာလီဂါမှာလည်း ရှုံးပွဲတွေ့ထားလို့ နည်းပြဇီဒန်းရဲ့ အနာဂတ်ဟာလည်း မရေရာဘဲဖြစ်လာ တာပါ။ ရီးရဲလ်အသင်းအနေနဲ့ စပါးနည်းပြ ပိုချက်တီနိုကို အသင်းရဲ့ နည်းပြရာထူးအတွက် စဉ်းစားထားပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ကွင်းလယ်ကစားသမားအယ်လီကိုလည်း သူ့ရဲ့အဆက် အသွယ်နဲ့ အရခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာလည်း ပိုချက်တီနိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး လေးစားမှုအပြည့်ရှိတယ်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up