DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေ နိုင်ငံရေးအဖွဲ့ တခုတိုးချဲ့ဖွဲ့စည်း
DVB
·
April 3, 2012
ဒီကေဘီအေ နိုင်ငံရေးအဖွဲ့ တခုတိုးချဲ့ဖွဲ့စည်း
Donate to DVB

အ​ခမ်း​အ​နား

ဗိုလ်မှူးချုပ်စောလားဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)က ကလို့ထူးဘော ကရင်အစည်းအရုံး (ကေကေအို)လို့ အမည်ပေးထားတဲ့  နိုင်ငံရေးအဖွဲ့တခုကို  မနေ့က တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။

ဗိုလ်မှူးချုပ်စောလားဘွယ်ကတောာ့ မူလတာဝန်အတိုင်း ကလို့ထူးဘော ဒီကေဘီအေရဲ့ စစ်ဦးစီး ချုပ် အဖြစ်ဆက်တာဝန်ထမ်းမှာဖြစ်ပြီး  အသစ်ဖွဲ့တဲ့ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသား ခေါင်းဆောင် မန်းဘဇံရဲ့သားကြီး မန်းရောဘတ်ဇံက တာဝန်ယူမှာပါ။

ကေကေအို တွဲဘက်အတွင်းရေးမှူး (၂) ဗိုလ်မှူးစောလုံ့လုံက  “ကျနော်တို့အနေနဲ့ တကယ်လို့များပေါ့နော်။ လွှတ်တော်မှာ တက်ရောက် စကားပြောမယ့်အချိန် ရောက်လာမယ်ဆိုလို့ရှိရင် အဆင်သင့်ဖြစ်အောင် ကေကေအိုဆိုတဲ့ အဖွဲ့အစည်းကိုဖွဲ့ပြီး ပါဝင်နိုင်အောင် ကြိုတင်ပြီးတော့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ ဒီကေဘီအေ ကလိုထူးဘော စစ်တပ်အနေနဲ့ ပြောင်းသွားတဲ့ပုံစံတော့ မဟုတ်သေးဘူး။ ဒါနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ဘာမှမချရသေးဘူး။ မကြာခင် တပ်မှူး ညီလာခံလုပ်မယ်။ လုပ်ပြီးတော့မှ ဘာတွေများ သဘောထား ပြောင်းမလဲ၊ မဆုံးဖြတ်ရသေးဘူး ခင်ဗျ။”

ဒီကေဘီအေ ဌာနချုပ် မြ၀တီခရိုင် ဆုံဆည်းမြိုင်ရွာမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ကရင်လူထုနဲ့ ကရင်နိုင်ငံရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ မနေ့က  လူထုဆန္ဒခံ ယူပွဲမှာ ကေကေအို အဖွဲ့ ရဲ့  ဖွဲ့စည်းပုံကို ဆွေးနွေးအတည်ပြုခဲ့တယ်လို့ လည်းပြောပါတယ်။

ကေကေအိုအဖွဲ့ ဗဟိုကော်မတီမှာ မန်းရောဘတ်ဇံက ဥက္ကဌ၊ ဗိုလ်ချုပ် စောမိုရှေးက ဒု - ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက စောဂုဏ်အောင်တို့ ရွေးကောက်ခံရပါတယ်။

ကလိုထူးဘော ဒီကေဘီအေဟာ နဂိုက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ခွဲထွက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ နအဖ အစိုးရ ဆင်းကာနီးမှာ စီစဉ်ခဲ့တဲ့ တိုင်းရင်းသား အပစ်အခတ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စီမံချက်ကို လက်မခံပယ်ချပြီး တိုက်ပွဲတွေပြန်ဖြစ်ရာက ဒီနှစ်ဆန်းမှာမှ အစိုးရနဲ့ ပြန်ပြီး အပစ်အခတ် ရပ်သဘောတူညီချက် ရခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ကလို့ထူးဘော ဒီကေဘီအေအဖွဲ့ဟာ  မကြာသေးခင်ကလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကေအန်ယူ- ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့တွေနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးရင် တသံတည်း ထွက်နိုင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013