Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 2, 2017
ပေါ်ဆန်းမွှေး ပြီးခဲ့တဲ့ အောက်တိုဘာ ပထမ အပတ်မှာတော့ ပေါ်ဆန်မွှေး (နယ်စုံ၊ ဖျာပုံ၊ မြောင်းမြ၊ ရွှေဘို) ဒေသတွေက ၁ အိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၉,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး အောက်တိုဘာလ နောက်ဆုံးအပတ်မှာတာ့ ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ၁ လအတွင်း ၁ အိတ်ကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၆,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်အ၀င်နည်းပြီး အရောင်းအ၀ယ်ကလည်း နည်းနေပါတယ်။ မြီးဒုံဆန် ဆန်ချောအပြင် ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်ကလည်း ဈေးကွက်အတွင်းမှာ ၁ အိတ်ကို ၇,၀၀၀ ကျပ်လောက် ဈေးမြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာလ ပထမအပတ်က ၁ အိတ်ကို ၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၇,၀၀၀ ပေါက်ဈေး ရှိခဲ့ပေမယ့် နောက်ဆုံးအပတ်မှာတော့ ၁ အိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ဆန်အသစ်တွေ ဝင်ရောက်မှာ ဖြစ်တဲ့အတွက် ဆန်အဟောင်းတွေက ဈေးမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ မတ်ပဲ အိန္ဒိယကို အဓိက တင်ပို့နေတဲ့ မတ်ပဲကတော့ ၁ လအတွင်း ၁ တန်ကို ၇၀,၀၀၀ ကျပ်နီးပါး ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အောက်တိုဘာ ပထမအပတ်မှာ ၁ တန်ကို ငွေကျပ် ၅၄၀,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး နောက်ဆုံးအပတ်မှာတော့ ၁ တန်ကို ငွေကျပ် ၄၆၀,၀၀၀ သာ ပေါက်ဈေးရှိခဲ့ပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကလည်း အောက်တိုဘာလ ပထမအပတ်က ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ငွေကျပ် ၂,၃၀၀ ပေါက်ဈေး ရှိခဲ့ပြီး နောက်ဆုံးအပတ်မှာတော့ ၁ ပိဿာကို ၂,၁၇၅ ကျပ်ကနေ ၂,၆၇၅ ကျပ်အထိ ဈေးက မြင့်တက်ခဲ့ပါတယ်။ ၁ လအတွင်း ၁ ပိဿာကို ၄၀၀ ကျပ်နီးပါး ဈေးမြင့်တက်ခဲ့ပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024