DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေလဲ နှုန်းရှင် စတင်သတ်မှတ်
DVB
·
April 2, 2012
နိုင်ငံခြားငွေလဲ နှုန်းရှင် စတင်သတ်မှတ်
Donate to DVB

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဈေးကွက် တောင်းဆိုမှုအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေလဲလှယ်တဲ့ ဈေးကို နှုန်းရှင်အဖြစ်နဲ့ ဒီကနေ့ စတင် သတ်မှတ်လိုက်ပါတယ်။

[caption id="attachment_23652" align="alignleft" width="300" caption="photo-reuters"][/caption]

နိုင်ငံခြားငွေ နှုန်းရှင်သတ်မှတ်ရေး အကောင်အထည်ဖော်မှုဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်အသုံးပြုနေတဲ့ တဒေါ်လာ ခြောက်ကျပ်နှုန်းထားကို ဒီနေ့ကစလို့ တရားဝင် နိဂုံချုပ်လိုက်တာ ဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေနေ့က လွဲပြီး နေ့စဉ် နံနက် ၁၀ နာရ်ီမှာ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းကို ပြောင်းလဲသတ်မှတ် ကြေညာသွားမယ်လို့ ဗဟိုဘဏ် တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဈေးနှုန်းကြီးကြပ်ရေး ကော်မတီက ဈေးနှုန်းသတ်မှတ်မှာဖြစ်သလို အခုအစီအစဉ်မှာ   နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းချခွင့် ရှိတဲ့ ဘဏ် ၁၁ ဘဏ်နဲ့ ပူးတွဲဆောင်ရွက်တာလို့ သူကရှင်းပြပါတယ်။

“နိုင်ငံခြားငွေ လဲလှယ်ခွင့် ကိုင်ဆောင်ခွင့်၊ ရောင်းချခွင့်ရထားတဲ့ လိုင်စင်ရထားတဲ့ ဘဏ် ၁၁ ခု ရှိတယ်။ အဲဒီဘဏ်တွေက သူတို့မှာရှိတဲ့ အမေရိကန် ဒေါ်လာတွေကို ရောင်းလိုဝယ်လိုတဲ့ဟာကို သူ့လုပ်ငန်းစဉ်အတိုင်း လာပြီးတော့မှ လေလံလုပ်တာပေါ့။ လေလံလုပ်တဲ့ အဖြေမှာ မူတည်ပြီးမှ သူ့နှုန်းကို သတ်မှတ်တာပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ဈေးကွက်ကို စီမံခန့်ခွဲသော နည်းစနစ်နဲ့ ဈေးနှုန်းကို သတ်မှတ်တာပေါ့။”

သောကြာနေ့က သတ်မှတ်ထားတဲ့နှုန်းဟာ နောက်ထပ် လေလံပွဲ မကျင်းပမချင်း အတည်ဖြစ်နေပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း အဲဒီနှုန်းဟာ အတည်ဖြစ်နေမှာပါ။

၃၅ နှစ်နီးပါး တရားဝင်ငွေလဲနှုန်းတွေက တဒေါ်လာကို ၆.၄ ကျပ်နဲ့ အစိုးရက သတ်မှတ်ထားပေမယ့်လည်း ပြင်ပမှာ လဲလှယ်နှုန်းတွေက ၈၀၀ နဲ့ ၈၂၀ ကြားမှာ ရှိနေပါတယ်။ ပြင်ပက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ပဲ အများစုက လုပ်ကိုင်နေတာပါ။

ဧပြီလ ၁ ရက်နေ့စတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် တရားဝင်ငွေလဲနှုန်းကို စတင်အသုံးပြုတော့မယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်တုန်းက စွမ်းအင်နဲ့ သံယံဇာတကဏ္ဍတွေမှာ နိုင်ငံခြားငွေတွေ ၀င်ရောက်လာတဲ့အတွက် တဒေါ်လာကို ၁၀၀၀ ကျော် မြင့်တက်သွားခဲ့ပြီး လယ်သမား၊ ထုတ်ကုန်နဲ့ တခြားကဏ္ဍတွေမှာ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

ငွေကြေးလဲလှယ်နှုန်းထား ပြင်ဆင်တဲ့နေမှာ အကူအညီပေးဖို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံကို လာရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013