ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်ကို လိုက်နာပေးရန် မန္တလေး NLD ကြေညာ
DVB
·
April 2, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို လိုက်နာပေးရန် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်အယ်လ်ဒီပါတီ အနိုင်ရပြီးနောက် မြို့ခံအန်အယ်လ်ဒီပါတီထောက်ခံသူ လူငယ်တွေက ညလုံးပေါက် အောင်ပွဲခံခဲ့ကြပြီးနောက်မှာ ခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တဖက် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို စိတ်ထိခိုက် စိတ်မကောင်းဖြစ်စေမည့် အပြောအဆို အပြုအမူများ လုံးဝရှောင်ရှားပါရန်နှင့် ပြည်သူတို့ရဲ့ အောင်နိုင်မှုဟာ သိက္ခာရှိတဲ့ အောင်နိုင်မှုဖြစ်စေဖို့ မနေ့ကတည်းက ထုတ်ပြန် ကြေညာထားခဲ့တာပါ။