Home
မြန်မာသတင်း
၁၉ နှစ်အရွယ် မြန်မာလူငယ်တဦး လေယာဉ်ပျံတီထွင် စမ်းသပ်မောင်းနှင်ရန်ကြိုးပမ်းနေ
Aung Ko Latt
·
November 1, 2017
23132059_702005543337777_8706132417221895573_n
23130933_702005520004446_4529488009194543318_n
23031717_702005363337795_4809040675201977494_n
23031555_702005570004441_3995078236341490202_n
22886106_702005590004439_4079007821320447217_n
22853133_702005433337788_4933747216836999889_n
  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တောင်ဘက် ကျွန်းကြီးရွာက အသက် ၁၉ နှစ်အရွယ် လူငယ်တဦးဟာ  လေယာဉ်ပျံကိုယ်တိုင်တီထွင်ပြီး စမ်းသပ်မောင်းနှင်ခွင့်ရဖို့  မြို့နယ်ထွေအုပ်ကို စာတင်ထားပါတယ်။ ခွင့်ပြုမိန့်ရမှ စမ်းသပ်မောင်းနှင်မှာဖြစ်ပြီး ခွင့်ပြုမိန့်ရရင်တော့ တန်ဆောင်မုန်းလပြည့်နေ့မှာ စမ်းသပ်မောင်းနှင်မယ်လို့သိရပါတယ်။ ဒီလေယာဉ်ကို တီထွင်သူဟာ လက်သမားအလုပ်လုပ်တဲ့ ကျွန်းကြီးရွာသား ကိုကျော်ဇင်ဝင်းဆိုသူဖြစ်ပြီး  အချိန် ၇ လလုံး ဘာမှမလုပ်ဘဲ ဒီလေယာဉ်ကိုပဲလုပ်နေတာလို့ ကျွန်းကြီးရွာက ဦးကျောက်ခဲက ဒီဗွီဘီကိုပြောပါတယ်။ "အခုလို တီထွင်နိုင်တဲ့ အပေါ်ရွာသားတယောက်အနေနဲ့ဂုဏ်ယူမိတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ အများကြီးရှိသေးတာပေါ့။ မြင်ရသလောက်ကတော့ ဒီလောက်လုပ်နိုင်တာ မဆိုးပါဘူး။ ပျံနိုင် မပျံနိုင်တော့မသိဘူး။ ရှေ့တော့လိမ့်တယ်။" လေယာဉ်အလျား ၁၄ ပေ၊ တောင်ပံ ၁၇ပေရှိ ဒီလေယာဉ်အတွက် ငွေကြေး ဘယ်လောက်ကုန်တယ်ဆိုတာ အသေးစိပ်မသိရပေမယ့် တောင်ပံ၊ ကိုယ်ထည်တွေကတော့ အသားနဲ့ ပြုလုပ်ထားပြီး ဓာတ်ဆီအင်ဂျင်က ဟွန်ဒါအမျိုးအစား မြင်းကောင်ရေ ၁၆ ကောင်အား တပ်ဆင်ထားပါတယ်။ လေယာဉ်ကို လေထဲမှာမစမ်းသပ်ရသေးလို့ အမှန်တကယ် ပျံသန်းနိုင်မယ် မပျံသန်းနိုင်ဘူးဆိုတာမသိနိုင်သေးသလို အောင်မြင်သွားရင် အလူမီနီယံကိုယ်ထည်နဲ့ ထပ်လုပ်သွားဖို့ရှိ နေတယ်လို့သိရပါတယ်။ လေယာဉ်ကိုယ်ထည်မှာ MYANMAR ဆိုတဲ့စာတန်းသာရေးသားထားပြီး လောလောဆယ်မှာတော့ ရွာဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ထားရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024