DVB Logo
Home
မြန်မာသတင်း
မန္တလေး အန်အယ်လ်ဒီ သတင်းစာရှင်း
DVB
·
April 2, 2012
မန္တလေး အန်အယ်လ်ဒီ သတင်းစာရှင်း
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲဟာ လမ်းစတခုပွင့်သွားတာပဲ ရှိသေးတယ်လို့ အဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က ပြေကြားလိုက်ပါတယ်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ညနေပိုင်းမှာ ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာလို့ မဟာအောင်မြေမြို့နယ် ပါတီကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှုဖြစ်အောင် ပြည်သူလူထုက တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ရင် ရည်မှန်းတဲ့ နိုင်ငံရေးပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဦးဝင်းတင်က ဇောင်းပေးပြီး ပြောသွားပါတယ်။ အဓိကက အဖွဲ့ချုပ်ဥက္ကဌကလည်း ရွေးကောက်ပွဲဟာ လမ်းစတခု ပွင့်သွားရုံပဲရှိသေးတယ်။ အဲဒီလမ်းစကို ဆက်လက်အောင်မြင်သွားဖို့ ပြည်သူလူထု ထောက်ခံချက်နဲ့ ဆက်ပြီးကြိုးပမ်းရဦးမယ်။ အဲဒီအတိုင်းပဲလို့ ဦးဝင်းတင်ကလည်း ပြောပါတယ်။”

သတင်းစာရှင်းလင်းပွဲမှာ မန္တလေးတိုင်း အဖွဲ့ချုပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံတွေကို အဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင် ဦးဝင်းတင်၊ တိုင်းစည်းရုံးရေးအဖွဲ့ ခေါင်းဆောင် ဦးသိန်းတန်နဲ့ မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့က ရှင်းလင်း ပြောကြားခဲ့ကြပြီး၊ တက်ရောက်လာတဲ့ သတင်းသမားတွေ သိလိုတာများကို ဖြေကြားခဲ့ကြပါတယ်။

မန္တလေးတိုင်းအဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသမား ၅၀ လောက် တက်ရောက် သတင်းရယူခဲ့ကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးစလုံး အနိုင်ရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013