အများပြည်သူနှင့် ဆိုင်သောနေရာများ၌ အရက်သောက်သူ ၁၀၀ ကျော်ကို တညတည်း ဖမ်းဆီး
DVB
·
October 31, 2017
ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ အရက်သောက်သူ အယောက် ၁၀၀ ကျော် တညတည်းမှာ ဖမ်းခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့ လူစည်ကားရာ ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေနဲ့ လူသွား စင်္ကြန်တွေပေါ်မှာ ဝိုင်းဖွဲ့အရက်သောက်တာ မလုပ်ဖို့ အောက်တိုဘာ ၁ ရက်ကစလို့ ပညာပေးဟောပြောခဲ့ပါတယ်။
အဲဒီနောက် တလပြည့်တဲ့ မနေ့ည အောက်တိုဘာ ၃၀ မှာ လိုက်လံ ဖမ်းဆီးခဲ့တာပါ။
အရှေ့ပိုင်းခရိုင် မြို့နယ်တွေက ၉ ယောက်၊ အနောက်ပိုင်းခရိုင်မြို့နယ်တွေက ၇၁ ယောက်၊ မြောက်ပိုင်းခရိုင်မြို့နယ်တွေက ၂၈ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းမိသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရန်ကုန်ရဲအက်ဥပဒေနဲ့အမှုပေါင်း ၃၉ မှုဖွင့်ထားတယ် လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။