Home
ရုပျသံ
ခရစ်ယာန်ဘုန်းကြီးဝတ်ရုံဖြင့် ဦးအေးနေဝင်း ပါတီပွဲတက်သည့်ကိစ္စ ကိုယ်ရေးကိုယ်တာဟု သာသနာရေးပြော (ရုပ်သံ)
ပိုင်စိုး
·
October 31, 2017
ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်ရုံကို ဝတ်ဆင်ပြီး ပါတီပွဲ တက်ရောက်ခဲ့တာဟာ ကိုယ်ရေးကိုယ်တာကိစ္စပဲ ဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မဆလအာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ ဦးအေးနေဝင်းဟာ မနေ့ညက ရန်ကုန်မြို့ Black Hat Wine Bar & Burmese Tapas Restaurant မှာ ကျင်းပတဲ့ အလှမယ် မော်ဒယ် ရွှေအိမ်စည်ရဲ့ မွေးနေ့ပွဲနဲ့ ဟောလိုးဝင်းပါတီပွဲကို ခရစ်ယာန်ဘုန်းတော်ကြီးလို ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာပါ။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ဒါက သူ့ရဲ့ Personal (ကိုယ်ရေးကိုယ်တာ) ကိစ္စပါ။ ကျနော်တို့ဆီကို ခုထိ တင်ပြလာတာလည်း မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကက်သလစ် သာသနာဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ မှတ်ချက်မပေးဘူးလို့ သူ့ရဲ့ အတွင်းရေးမှူးဖြစ်သူ ဖာသာ ဒိုမိနစ်က ပြောပါတယ်။ မွေးနေ့ပွဲရုပ်သံကို ရွှေအိမ်စည်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာနဲ့ အထက်ပါလင့်ခ်မှာ တင်ထားတာကို ကြည့်ရှုနိုင်ပါတယ်။ ရုပ်သံ - Min Than Htike Facebook
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024