ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းတွင် ချဲလ်ဆီးမှ ၅ ဦး၊ မန်စီးတီးမှ ၃ ဦးထိ ပါဝင်

ဓာတ်ပုံ - REX/Shutterstock
ယူ-၁၇ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ချဲလ်ဆီးလူငယ်ကစားသမား ၅ ဦးနဲ့ မန်စီးတီး လူငယ်ကစားမား ၃ ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာပြုလုပ်ခဲ့တဲ့ အဲဒီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းက စပိန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိပြီး ဖလားရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန် ယူ-၁၇ အသင်း လူစာရင်းမှာ ချဲလ်ဆီးနဲ့ မန်စီးတီးက ကစားသမားတွေ အများဆုံး ပါဝင်တာဖြစ်ပြီး စပါးအသင်းက ၂ ဦး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူး၊ အဲဗာတန်၊ ဒေါ့မွန်၊ ခရစ္စတယ်ပဲလေ့စ်၊ စတုတ်၊ ဝုဗာဟန်တန်၊ ရီးဒင်း၊ ဖူလ်ဟမ်၊ ဖလိဒ်ဝုဒ်တောင်း အသင်းတွေက တဦးစီ ပါဝင်ပါတယ်။ ဒါဟာ ငွေကြေးအမြောက်အမြား အသုံးပြုထားတဲ့ ဘောလုံးအကယ်ဒမီတွေကြောင့် ကစားသမားကောင်းတွေ အင်္ဂလန်အသင်းအတွက် အထောက်အကူပြုတာဖြစ်တယ်လို့ ဘောလုံးသုံးသပ်သူတွေက ဆိုထားပြီး စီနီယာ လက်ရွေးစင်အသင်းကြီးအတွက်လည်း အနာဂတ်မှာ ကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်လို့ ဆိုပါတယ်။

More News
Up