A d v e r t i s e m e n t With Us

ပေါ့ဂ်ဘာ ပြန်ကစားနိုင်မည့်အချိန် မသိရှိဟု မန်ယူနည်းပြ ပြော

ကွင်းလယ်လူ ပေါ့ဂ်ဘာ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မိမိအနေနဲ့ ပေါ့ဂ်ဘာရဲ့ဒဏ်ရာ တိုးတက်လာမှု အခြေအနေကို မသိရှိကြောင်း၊ လေ့ကျင့်ရေးကွင်းမှာ မိမိနဲ့အတူ လေ့ကျင့်နိုင်ခြင်းမရှိဘဲ တဦးတည်းသာ အပေါ့စား လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဒါ့အပြင် နောက်ခံလူ ရိုဟိုဆိုရင် မိမိနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့အတွက် နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ပြန်ကစားနိုင်မယ်ဆိုတာ ပြောနိုင်ပေမယ့် ပေါ့ဂ်ဘာအနေနဲ့ လေ့ကျင့်ခန်း မဆင်းနိုင်သေးလို့ တိတိကျကျပြောဖို့ခက်တယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး မန်ယူအသင်း နောက်ဆုံးပွဲစဉ် ၁၀ ပွဲကို လွဲချော်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up