A d v e r t i s e m e n t With Us

တရုတ်မှ ဥရောပသို့ တိုက်ရိုက်ပြေးဆွဲသည့် ပထမဆုံးကုန်ရထား စတင်ထွက်ခွာ

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံကနေ ဥရောပတိုက်ကို တိုက်ရိုက်ပြေးဆွဲတဲ့ ပထမဆုံး ကုန်ရထားဟာ အောက်တိုဘာ ၂၈ ရက်နေ့က စတင်ထွက်ခွာခဲ့ပါတယ်။ ကုန်ရထားဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန်ကနေ ပြင်သစ်နိုင်ငံ ဒိုဂတ်စ်မြို့ကို ထွက်ခွာခဲ့တာပါ။ အဲဒီရထားဟာ ကုန်သေတ္တာ ၄၁ လုံးကို တင်ဆောင်ပြီး ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်နဲ့ ဂျာမနီနိုင်ငံတို့ကို ဖြတ်သန်းကာ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း ပြင်သစ်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ နဂို သင်္ဘောနဲ့ ပို့ဆောင်တုန်းက ရက်ပေါင်း ၂၀ နီးပါး ကြာတဲ့အတွက် ပို့ဆောင်ချိန် တိုတောင်းသွားတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒိုဂတ်စ်မြို့ဟာ အရေးပါတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပြီး ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းနဲ့ လာတဲ့ ကုန်စည်တွေကို လွှဲပြောင်းပေးရာ ဗဟိုဌာနဖြစ်ပါတယ်။ အဲဒီကုန်ရထားပေါ်မှာ တင်ဆောင်လာတဲ့ ကုန်စည်တွေကို ပြင်သစ်နိုင်ငံအပြင် စပိန်၊ အီတလီနဲ့ ပိုလန်နိုင်ငံတို့လို တခြား ဥရောပနိုင်ငံတွေကိုလည်း ပို့ဆောင်မှာပါ။ အဲဒီကုန်ရတားကို တပတ်တကြိမ် ပြေးဆွဲမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up