A d v e r t i s e m e n t With Us

မင်္ဂလာဒုံ သင်္ဃန်းကျွန်းကြီး ကျူးကျော်နေအိမ်များကို စတင်ဖြိုဖျက်

  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းက ဇေကမ္ဘာ ကုမ္ပဏီပိုင် ရန်ကုန်စက်မှုဇုန်တိုးချဲ့ (၁) ကော်မာရှယ် ဧရိယာမြေကွက်အမှတ် ၄ မှာ နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ ဒီနေ့ ညနေ ၃ နာရီခွဲလောက် ဇေကမ္ဘာဝန်ထမ်းအင်အား ၄၀၀ ကျော်နဲ့ ရဲအင်အား ၁၅၀ နီးပါးရောက်ရှိနေပါတယ်။ မြေအကျယ်အဝန်း ၁၁ ဒသမ ၀၇၇ ဧကရှိတဲ့ အဲ့ဒီမြေနေရာကို အိုးအိမ်က မြေချပါမစ် တရားဝင်ထုတ်ပေးထားပါတယ်။ ဒီမြေဧကတွေနဲ့ပတ်သက်ပြီး အမှုရင်ဆိုင်နေသူ ၃ ဦးရှိပြီး အမှု ရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရှိ အဲဒီမြေနေရာမှာ ကျူးကျော်ဝင်ရောက်နေထိုင်နေတဲ့အိမ်တွေကို ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ အမိန့်စာနဲ့ရောက်လာပြီး အိမ်တွေကို ဖြိုဖျက်ပေးဖို့ နေ့လယ် ၁၂ ခွဲကနေ ၁ နာရီခွဲအထိ အချိန်ပေးခဲ့ပါတယ်။ နေ့လယ် ၁ နာခွဲမှာ အိမ်တအိမ်ကို စတင်ဖြိုခဲ့ပြီး ကျန်တဲ့အိမ်တွေဖြိုဖို့အတွက် မြေပုံတိုင်းတာနေပါတယ်။ နေ့လယ် ၃ နာရီလောက်မှာတော့ နှစ်ဖက်အခြေအနေ တင်းမာနေသလို မြေပုံ တိုင်းတာမှုအရ အငြင်းပွားမှုတွေလည်း ရှိနေတဲ့အတွက် အိမ်တွေဖျက်ဖို့ မြေတိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up