A d v e r t i s e m e n t With Us

တန်းတက်အသင်းကို ရှုံးနိမ့်ခဲ့သည့် ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းဟာ တန်းတက်အသင်း ဂျီရိုနာကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဂျီရိုနာဟာ လာလီဂါကို ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်ရာသီမှာ တန်းတက်လာပြီး အဓိကျတဲ့ ဆုဖလားတွေ မရဖူးသေးတဲ့ အသင်းငယ် တသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ပွဲအစ ၁၂ မိနစ်လောက်မှာ အစ္စကို သွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂျီရိုနာအတွက် ချေပဂိုးကို ၅၄ မိနစ်နဲ့ အနိုင်ဂိုးကို ၅၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဘန်ဇီမာ၊ မိုဒရစ်တို့နဲ့ ပွဲထွက် ကစားသွားတာပါ။ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့်လည်း ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြန်အလှန် ရခဲ့ပါတယ်။ ဒီပွဲရှုံးလို့ ရီးရဲလ်ဟာ အမှတ် ၂၀ နဲ့ အဆင့် ၃ နေရာကို ရောက်သွားပြီး ဇယားထိပ်က ဘာစီလိုနာနဲ့ ၈ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဂျီရိုနာကတော့ ၁၂ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up