A d v e r t i s e m e n t With Us

ဂေါဇင်ကို အနိုင်ယူပြီး ဖက်ဒရာ ဘာဆယ်တင်းနစ် ဗိုလ်လုပွဲတက်

ဆွစ်ဇာလန်နိုင်ငံ ဘာဆယ်မှာ ယှဉ်ပြိုင်သွားတဲ့ ဘာဆယ် အမျိုးသားတဦးခြင်း တင်းနစ်ပြိုင်ပွဲမှာ နာမည်ကြီး ရော်ဂျာ ဖက်ဒရာက ဒေးဗစ် ဂေါဖင်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။ ဖက်ဒရာအတွက်တော့ ၁၃ ကြိမ်မြောက်အဖြစ် ဘာဆယ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာပါ။ ဖက်ဒရာကပဲ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ လက်စွမ်းပြ ကစားနိုင်ခဲ့ပြီး ၁ နာရီပဲ ကြာမြင့်ခဲ့ပါတယ်။ ပထမပွဲကို ဖက်ဒရာက အမှတ်ပြတ် ၆ - ၁၊ ဒုတိယပွဲကို ၆ - ၂နဲ့ အနိုင်ရသွားတာပါ။ ဂေါ်ဖင်ဟာ ပြိုင်ဖက်ရဲ့ စပေးဘောတွေနဲ့ အကွက်ချ ရိုက်ချက်တွေကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဖက်ဒရာဟာ ဒီနှစ်ရာသီထဲမှာ ၈ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်နိုင်တာပါ။ ဘာဆယ် ဗိုလ်လုပွဲမှာတော့ ဖက်ဒရာဟာ အာဂျင်တီးနားက ဒယ်ပေါ်တိုနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up