ဂွါဒီယိုလာ၏ ကစားကွက်ကြောင့် ခြေစွမ်းပိုမိုတိုးတက်လာဟု ဆာနေးပြော

2.2K
နည်းပြဂွါဒီယိုလာရဲ့ ကစားကွက်က သူ့ရဲ့ခြေစွမ်း ပိုမိုတိုးတက်လာစေတယ်လို့ မန်စီးတီးတောင်ပံကစား သမား ဆာနေးက ပြောဆိုလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင် လီရွိုင်းဆာနေးဟာ ပြီးခဲ့တဲ့ရာသီကမှ မန် စီးတီးအသင်းဆီ ရောက်ရှိလာသူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းပြနိုင်တာဟာ နည်းပြဂွါဒီယိုလာရဲ့ ကူညီမှုကြောင့်ဖြစ်ပြီး အသင်းနဲ့အတူ ကစားရတာဟာလည်း ပျော်ရွှင်စရာကောင်းတယ်လို့ ဆာနေးကဆိုပါတယ်။
ဒါ့အပြင် ပိုအလုပ်လုပ်ဖို့နဲ့ ပိုကြိုးစားဖို့လည်း နည်းပြဂွါဒီယိုလာက အမြဲတမ်းသတိပေးပြောကြားလေ့ရှိပြီး ဒီအချက်ဟာ မိမိအတွက် လိုအပ်တယ်လို့ ဆာနေးက ဆိုပါတယ်။