A d v e r t i s e m e n t With Us

အသင်းကြီးအားလုံး နိုင်ပွဲတွေ့ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးအားလုံး နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ်။ မနေ့ည အစောပိုင်းပွဲစဉ်မှာတော့ မန်ယူအသင်းက စပါးအသင်းကို အိမ်ကွင်းမှာ လူစားဝင် တိုက်စစ်မှုး မာရှယ်ရဲ့ ၈၁ မိနစ် သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအသင်းက အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်မှာလည်း မန်ယူထက် ပိုမိုရရှိခဲ့ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ မန်စီးတီးက ၀က်စ်ဘရွန်းကို အဝေးကွင်းမှာ ၃-၂ ဂိုး၊ အာဆင်နယ်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၂-၁ ဂိုး၊ လီဗာပူးက အိမ်ကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်ကို ၃ ဂိုး ဂိုးမရှိ၊ ချဲလ်ဆီးက အဝေးကွင်းမှာ ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး (၁)၊ မန်ယူ ၂)၊ စပါး (၃)၊ ချဲလ်ဆီး (၄)၊ အာဆင်နယ် (၅)၊ လီဗာပူး (၆) စသဖြင့် အသီးသီး ရပ်တည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up