Home မြန်မာသတင်း အမေစုကိုအပ်လိုက်ပြီလို့ ကော့မှုး ကြံခိုင်ရေး အမတ်လောင်း ဒေါက်တာစိုးမင်း ပြောကြား
အမေစုကိုအပ်လိုက်ပြီလို့ ကော့မှုး ကြံခိုင်ရေး အမတ်လောင်း ဒေါက်တာစိုးမင်း ပြောကြား
daw aung san su kyi ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်တဲ့ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဒေါက်တာစိုးမင်းက ကော့မှူးမြို့နယ်က အမေစုလက်ကို အပ်လိုက်ပါပြီ။ နိုင်ငံအချုပ်အခြာအာဏာ တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည် ဆက်လုပ်ပါလိမ့်မယ် သူ့အနေနဲ့ စောင့်ကြည့်နေမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်တလော ခန့်မှန်းမဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်က ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းလောက် အထိ အနိုင်ရပြီး ဒေါက်တာစိုးမင်းက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ရမယ်လို့လည်း ခန့်မှန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွာနှစ်ရွာမှာ ရှူံးနိမ့်ခဲ့တယ်လို့လည်း ဒေါက်တာစိုးမင်းက ပြောပါတယ်။
“ရွေးကောက်ပွဲ အတွေ့အကြုံကတော့ ပြည်သူတွေက အမေစုကို ချစ်တာပဲလေ။ ကော့မှူးမြို့နယ်က အမေစုကို အပ်လိုက်ပြီပေါ့။ ကော့မှူးကလူတွေလည်း ရှေ့ကို စိတ်ချမ်းချမ်းသာသာနဲ့ ဆက်သွားလို့ရပြီပေါ့။ အားလုံးကတော့ အမေစုကို ယုံတာပေါ့။ ဒို့ကလည်း စောင့်ကြည့်နေမှာပါ။”
ကော့မှူးမြို့နယ်မှာ ရှုံးနိမ့်ရတဲ့အပေါ်မှာလည်း စိတ်ထိခိုက်မှု မရှိဘူးလို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။
ဆက်စပ်သတင်းများ