စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် မန်ယူနှင့်ပွဲ လွဲချော်မည်
DVB
·
October 28, 2017

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် မန်ယူနဲ့ပွဲကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်တော့မယ်လို့ သိရပါတယ်။
ဟယ်ရီကိန်းဟာ လီဗာပူးအသင်းကို အနိုင်ရတဲ့ ပွဲမှာ အဲဒီဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေ မပြင်းထန်ပေမယ့် မန်ယူနဲ့ပွဲမှာ စွန့်စားအသုံးပြုမှာမဟုတ်ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက အတည်ပြုပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကိုလည်း လွဲချော်ဖို့ရှိနေပြီး အဒီပွဲနောက်ပိုင်းမှာ ပြန်ကောင်းလာဖို့ရှိပါတယ်။
ဟယ်ရီကိန်း မပါနိုင်တာဟာ ပြသနာတခုဖြစ်ပေမယ့် တခြားကစားသမားတွေရဲ့ အရည်အချင်းကို ယုံကြည်မှု ရှိတယ်လို့လည်း ပိုချက်တီနိုကပြောပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဟယ်ရီကိန်း ဒဏ်ရာတဲ့အချိန်မှာ ၇ ပွဲကစားခဲ့ရပြီး ၅ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ ဟယ်ရီကိန်းဟာ ဒီနှစ်ရာသီမှာ စပါးအသင်းအတွက် ၁၂ ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူထားပါတယ်။