A d v e r t i s e m e n t With Us

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ် အသင်းကြီးများ ထိပ်တိုက်မတွေ့

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ အသင်းကြီးတွေ ထိပ်တိုက် တွေ့ခြင်းမရှိခဲ့ဘဲ အသင်းငယ်တွေနဲ့ပဲ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်ယူအသင်းက ဘရစ္စတိုးလ်စီးတီးနဲ့ တွေ့ဆုံခဲ့ပြီး အာဆင်နယ်နဲ့ ၀က်စ်ဟမ်း၊ လက်စတာစီးတီးနဲ့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ဘုန်းမောက်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က အိမ်ကွင်းတွေမှာ လက်ခံကစားရမှာဖြစ်ပေမယ့် မန်ယူနဲ့ မန်စီးတီးအသင်းတွေကတော့ အဝေးကွင်းတွေမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up