A d v e r t i s e m e n t With Us

မီးသင်္ဂြိုဟ်ပြီးစီးသည့် ထိုင်းဘုရင်ဟောင်း ရုပ်ကြွင်းများကို ကောက်ယူ

ဓာတ်ပုံ - ရိုက်တာ
မီးသင်္ဂြိုဟ်ပြီးစီးတဲ့ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူယာဒေ့ခ်ျရဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကောက်ယူကြပါတယ်။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က သမိုင်းဝင် ရင်ပြင်ဟောင်းမှာ ကျင်းပတဲ့ ငါးရက်ကြာ ဈာပနပွဲကို ထောင်သောင်းချီနေတဲ့ ထိုင်းပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။ ရွှေနားကွပ် ထီးဖြူဆောင်းထားတဲ့ လက်ရှိဘုရင် မဟာ ဗာဂျီရာလောင်ကွန်း ဦးဆောင်ပြီး ဖခမည်းတော်ရဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကိုယ်တိုင် ကောက်ယူခဲ့တာပါ။ အဲဒီနောက် အရိုးတွေကို ရေစင်သွန်းခဲ့ပြီး ထိုင်း သံဃရာဇာက ဆုတောင်းမေတ္တာ ပို့သပါတယ်။ ဘုရင်ဟောင်းရဲ့ အရိုးတွေကို တော်ဝင်နန်းတော်ဆီ သယ်ဆောင်သွားမှာပါ။ ဘုရင်ဟောင်းရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဈာပနပွဲ ကျင်းပရာနေရာမှာ စုရုံးနေကြပြီး ပွဲစဉ်တလျှောက် ဆုတောင်းနေခဲ့တယ်လို့ သူတို့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up