A d v e r t i s e m e n t With Us

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် စပိန် ဗိုလ်လုမည်

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ စပိန်တို့ ဗိုလ်လုပွဲတက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို အနိုင်ရလာတဲ့ ဘရာဇီးနဲ့ တွေ့ဆုံခဲ့ပေမယ့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ အင်္ဂလန်ယူ-၁၇ အသင်းအတွက် ဂိုးတွေကို လီဗာပူးလူငယ်ကစားသမား ဘရက်စ်တာက တဦးတည်း ၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တခြားဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့  စပိန်နဲ့ မာလီတို့ရဲ့ ပွဲမှာတော့ စပိန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အင်္ဂလန်နဲ့ စပိန်တို့ရဲ့ ဗိုလ်လုပွဲကို အောက်တိုဘာ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မာလီနဲ့ ဘရာဇီးတို့က တတိယလုပွဲ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up