Home
မြန်မာသတင်း
ပဲခူးကန်တော်ကြီး ရေဝေရေလဲဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်မည်
ရန်နိုင်ဇော်ဝင်း
·
October 26, 2017
ပဲခူးမြို့တမြို့လုံးကို ရေပေးဝေနေတဲ့ ပဲခူးကန်တော်ကြီးရေဝေရေလဲ ဒေသတခုလုံးကို ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုင်းဒေသကြီးဝန်ကြီး ဦးကျော်မင်းစံကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့ အစီစဉ်ရှိမရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ညွှန့်ရွှေရဲ့မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ ပဲခူးကန်တော်ကြီး ရေဝေရေလဲဒေသမှာ လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရော်ဘာခြံတွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖယ်ရှားထားပြီးဖြစ်တယ်၊ ဒီဒေသကို နောက်ထပ် ကျူးကျော်နေထိုင်သူတွေ မရောက်လာဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်နိုင်ဖို့ အတွက်လည်း စီစဉ်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။ လက်ရှိအချိန်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကတဆင့် ပြည်ထောင်စုဥပဒေချုပ်ရုံးကို စာတင်ထားတဲ့အခြေအနေမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024