Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း တရားမဝင် စက်သုံးဆီဆိုင်များကို အရေးယူမည်
ရန်နိုင်ဇော်ဝင်း
·
October 26, 2017
22728801_1189218491180259_4931182706888026303_n
  ပဲခူးတိုင်းဒေသကြီးထဲက တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွေကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရကပြောပါတယ်။ ပဲခူးတိုင်းဒေသကြီးထဲမှာ တရားမဝင်ရောင်းဝယ်နေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေ အများအပြားရှိနေတဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင် ရဲ့မေးခွန်းကို တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူက အခုလိုဖြေကြားခဲ့တာပါ။ သံယံဇာတသစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်စံမင်းက “တရားမဝင်တဲ့ဆိုင်တွေကို သတိပေးစာပေးပို့ပြီး မလိုက်နာရင် အရေးယူသွားမယ်။ ဒီလိုတရားမဝင်စက်သုံးဆီ အရောင်းဆိုင်တွေကြောင့် လူနေရပ်ကွက်တွေအတွက် မီးအန္တရာယ်စိုးရိမ်နေရတယ်။” ဒီစက်သုံးဆီဆိုင်တွေကို အရေးယူမယ့်ကိစ္စ သတိပေးစာ ပေးပို့ထားပြီးဖြစ်တယ်လို့လည်း ပဲခူးတိုင်းဒေသကြီး သံယံဇာတသစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်းက တရားမဝင်စက်သုံးဆီအရောင်းဆိုင်တွေကို အရင်ကလည်း သတိပေးစာပေးပို့ခဲ့ဖူးပြီး လိုက်နာခြင်းမရှိလို့ ထပ်မံသတိပေးပြီး အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024