ကလောမြို့နယ် ထနောင်းပင် ကမ္ဘာနီကျေးရွာ မဲရုံမှာ အန်အယ်လ်ဒီနိုင် (နေ့ခင်း ၃ နာရီ)
DVB
·
April 1, 2012
ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ ထနောင်းပင် ကမ္ဘာနီ ကျေးရွာမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိသွားတယ်လို့ ပါတီအောင်နိုင်ရေး တာဝန်ခံ ဦးရဲမြင့်သိန်းက ပြောပါတယ်။ အန်အယ်လ်ဒီက ၂၃၇မဲ၊ ကြံခိုင်ရေးက ၁၁ မဲ၊ တစညပါတီက ၁၇ မဲ၊ ပအိုဝ်အမျိုးသား အဖွဲ့ချုပ်က ၅ မဲနဲ့ ကျားဖြူပါတီက ၁ မဲရပြီးတော့ ပယ်မဲက ၃၀ ရသွားတယ်လို့ဆိုပါတယ်။ ကလောမြို့နယ်အတွင်းမှာ ရပ်ကွက်နှင့် ရွာပေါင်း ၁၃၄ရွာတယ်လို့လည်း ပြောပြပါတယ်။
အခုနောက်ဆုံး အနိုင်အရှုံးအခြေအနေ သိချင်လို့ပါ။
“အနိုင်အရှုံးအ ခြေအနေက မဲရုံတွေက မပြတ်သေးလို့ မသိသေးဘူး။ တချို့ရွာတွေတော့ သိရတယ်။ သိသလောက်ပြောပြပေးမယ်။ ရွာတိုင်းမှာ ပအိုဝ့်ရှိတယ်။ ဓနုရှိတယ်။ ဗမာရှိတယ်။ ပအိုဝ်ရွာတွေမှာက များသောအားဖြင့် ပအိုဝ့်နိုင်တယ်။”
အနိုင်အရှုံးစာရင်းလေး ပြောပြပေးပါလား။
“အတိအကျ ကျနော်မသိသေးဘူး။ ပအိုဝ့်ရွာကဆို ပအိုဝ့်နိုင်တယ်။ အကယ်၍ ရောနေတဲ့ရွာဆိုရင် အန်အယ်လ်ဒီကနိုင်တယ်။ စစ်တပ်များရင် ကြံ့ခိုင်ရေးက နိုင်တယ်။ စစ်တပ်မဲရုံက အကုန်လုံးမှာ ၃ ရုံလောက်ပဲရှိတယ်။ တကယ်လို့ နိုင်တယ်ဆိုရင် နိုင်ပါတယ်။ ပအိုဝ့်ရွာမှာဆို ပအိုဝ့်က နိုင်တာများတယ်။”
ပအိုဝ့်ရွာ ဘယ်နှရွာလောက်ရှိလဲ။
“နည်းပါတယ်။ ရာခိုင်နှုန်းအားဖြင့် တော်တော်နည်းပါတယ်။ အတိအကျကိုတော့ ညနေ ၄ နာရီလောက်မှာ ပြောပေးပါမယ်။ ယေဘုယျအားဖြင့် အကုန်လုံးမှာ နိုင်မယ်လို့ မျှော်မှန်းလို့ရပါပြီ။”
အခုသိချင်တာ ကမ္ဘာနီတို့ ထနောင်းပင်တို့ဘက်မှာလည်း အန်အယ်လ်ဒီက နိုင်တယ်ကြားနေလို့။
“ဟုတ်ပါတယ်။ ထနောင်းပင် ကမ္ဘာနီဆိုရင် ကျနော်တို့ ၂၃၇ မဲရပြီးတော့ ဒါကတော့ တိကျပါပြီ။ ကြံ့ခိုင်ရေးက ၁၁ မဲရပါတယ်။ ပအိုဝ့်က ၅ မဲရပါတယ်။ တစည က ၁၇ မဲရပါတယ်။ ကျားဖြူက ၁ မဲရပါတယ်။ ပယ်မဲက ၃၀ ပါ။ အတိအကျပါပဲ။”
ထနောင်းပင်နဲ့ ကမ္ဘာနီက မဲရုံတခုတည်းလား။
“ထနောင်းပင်၊ ကမ္ဘာနီက တခုတည်းပါ။ ထနောင်းပင်အုပ်စုမှာ ကမ္ဘာနီရှိပါတယ်။ သရက်ပုကျတော့ ကမ္ဘာနီနဲ့ နီးပါတယ်။”
သရက်ပု က ကမ္ဘာနီကျတော့ အခုအခြေအနေ ဘယ်လိုရှိလဲ။
“မသိရသေးဘူး။ ဒါပေမယ့် ကျနော်တို့နိုင်မှာပါ။ စိုးရိမ်ရတာက မြို့ဘက်ကို နည်းနည်းစိုးရိမ်ရတယ်။ အောင်ပန်းအုပ်စုထဲမှာတော့ စစ်ဘက်က ၁ ရုံ၊ ၂ ရုံပဲပါတယ်။ ကလောမှာလည်း သတ်သတ်ရှိသေးတယ်။ ရွာပေါင်း ၁၃၄ ရွာပေါ့။”