A d v e r t i s e m e n t With Us

အဲဗာတန်နည်းပြနေရာ ဖီးလ်နဗီး စိတ်ဝင်စား

ဓာတ်ပုံ - Getty Images
မန်ယူနဲ့ အဲဗာတန် ကစားသမားဟောင်း ဖီးလ်နဗီးဟာ လစ်လပ်နေတဲ့ အဲဗာတန်နည်းပြနေရာကို စိတ်ဝင်စားနေတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အဲဗာတန်အသင်းဟာ ဒီရာသီအတွင်း ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ အာဆင်နယ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပစ်ခဲ့တာပါ။ လစ်လပ်နေတဲ့ အဲဗာတန်နည်းပြ နေရာကို စိတ်ဝင်စားနေတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း အသက် ၄၀ အရွယ် ဖီးလ်နဗီးဟာ အဲဗာတန်အသင်းမှာ ကစားခဲ့ဖူးတဲ့ ၈ နှစ်အတွင်း ပွဲပေါင်း ၂၅၀ လောက် ပွဲထွက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ လာလီဂါကလပ် ဗလင်စီယာအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။ ဖီးလ်နဗီးဟာ ၂၀၁၃ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြအဖွဲ့ဝင် ဖြစ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up