A d v e r t i s e m e n t With Us

ဓားကိုင်ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးကို အသေပစ်ခတ်ဖမ်းဆီး

  မောင်တောမြို့နယ် ကွမ်းသီးပင်ချောင်းဝရဲကင်းစခန်းထဲကို အောက်တိုဘာ၂၀ ရက် မနက်က  အမျိုးသား ၁ ဦးက  ဓားကောက်ကိုင်ဆောင်ပြေးဝင်လာလို့  တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၁ ဦး က လက်နက်ချရန် အော်ဟစ်သတိပေးခဲ့ပေမယ့် ရပ်တန့်ခြင်း မရှိလို့  ပစ်ခတ်ဖမ်းဆီး ခဲ့ရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် အဆိုပါအမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ(၁) ချက်နဲ့ စခန်းနဲ့ (၅)ကိုက်ခန့်အကွာမှာ လဲကျသေဆုံးသွားခဲ့ပြီး သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ(၅၆)နှစ် ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ် (ID)‎ 2690421588992 နဲ့ ဓားကောက် (၁)ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်းမှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up