ဆီးရီးယားတွင် အိုင်အက်စ်လက်ချက်ကြောင့် အရပ်သား ၆၀ ကျော် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်မှာ အိုင်အက်စ် စစ်သွေးကြွတွေ လက်ချက်နဲ့ အရပ်သား ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပြည်နယ်အတွင်းရှိ မြို့တမြို့ကို ဆီးရီးယားစစ်တပ်က ပြန်လည်မသိမ်းယူမီ သုံးပတ်အလိုမှာ အဲဒီလို အရပ်သားတွေ သေဆုံး ပျောက်ဆုံးခဲ့တာပါ။ အောက်တိုဘာ ၂၂ ရက်နေ့က အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ပြီး သေဆုံးခဲ့သူတွေဟာ မိသားစုနဲ့အတူ အသတ်ခံရတဲ့ အစိုးရဝန်ထမ်းတွေ၊ ပင်စင်စားတွေ ဖြစ်ကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာရာဇီက အရပ်သား ၄၀၀၀ ကျော် အရေးပေါ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရက်ပိုင်းအတွင်း မရှိလို့မဖြစ်တဲ့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ ဘာရာဇီက ကတိပြု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up