ရွှေဘုံသာ အဟောင်းပစ္စည်းဈေးတန်း ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရမည်

  ရန်ကုန်မြို့က ဘိန်းစားတန်း၊ မဂိုလမ်း၊ ရွှေဘုံသာလမ်းလို့ အမည်အမျိုးမျိုး ခေါ်ယူတဲ့ နေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ လမ်းဘေး အဟောင်းပစ္စည်း ဝယ်ရောင်းသည်တွေ ရောင်းဝယ် ဖောက်ကားနေတဲ့ နေရာကို ရွေ့ပြောင်းတော့မှာဖြစ်ပါတယ်။ ယာဉ်ကြော ကျပ်တည်းမှုနဲ့ ကားပါကင်နေရာ ပြုလုပ်ဖို့အတွက် ဒီလမ်းမှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၃၀၀ ကျော်ကို အခုလ အောက်တိုဘာလ အကုန်မှာ နောက်ဆုံးထားပြီး  ကမ်းနားလမ်းကို ပြောင်းရွှေ့ နေချထားပေးသွားမှာပါ။ ၁၀ နှစ်ကျော် အဟောင်းပစ္စည်းတွေ ဝယ်ရောင်းလုပ်ကိုင်နေတဲ့ ဦးဝင်းဌေးက“ဒီလမ်းမှာ ဈေးရောင်းဝယ်တဲ့ပုံစံက တခြားနေရာတွေမှာ မတွေ့နိုင်တဲ့ပုံစံပါ။ ဝယ်ချင်တဲ့ ပစ္စည်းကို ဝယ်လို့ရသလို ရောင်းချင်တဲ့ ပစ္စည်းလည်း ရောင်းလို့ရတယ်။ အားလုံးက ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ပြီးတော့ ကျနော်တို့ဆီမှာ တော်ရုံနေရာတွေမှာ မရနိုင်တဲ့ ပစ္စည်းမျိုးတွေ ဒီမှာ ရနိုင်တယ်။ ဒါက ဒီလမ်းရဲ့ ထူးခြားချက်ပဲ”လို့ ပြောပါတယ်။ ပြောင်းရွှေ့ရမယ် ဈေးသည်တွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်က လက်ရှိမှာ စလစ်ကဒ်တွေ ထုတ်ပေးပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up