ခရိုနီအလိုမရှိကြောင်း ပြင်ဦးလွင်မြို့တွင် လယ်သိမ်းခံတောင်သူများဆန္ဒပြ
DVB
·
October 23, 2017
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ လယ်ယာမြေတွေမတရားသိမ်းဆည်းခံခဲ့ရပြီး ဆုံးရှုံးနစ်နာခဲ့ကြတဲ့ တောင်သူတွေက ဒီကနေ့မနက်က မြို့တွင်းစီတန်းလှည့်လည် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
တောင်သူတွေအပေါ် မတရားစွပ်စွဲတရားစွဲနေတာတွေရပ်တန့်ဖို့၊ အကျဉ်းကျခံနေရတဲ့ တောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ သိမ်းဆည်းခံလယ်ယာမြေတွေမှာ အမြန်ဆုံးပြန် ပြန်လုပ်ကိုင်ခွင့်ပေးဖို့ ဒေသခံတောင်သူတွေက တောင်းဆိုခဲ့ကြသလို ၀ိသမလောဘသား ခရိုနီတွေအလိုမရှိကြောင်းနဲ့ ၊ ဥပဒေမဲ့ ပုံစံ (၇)ထုတ်ပေးတဲ့ အာဏာပိုင်တွေအလိုမရှိကြောင်း လည်းကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၂ ညံတောဘောလုံးကွင်းမှ စတင်ပြီး မြို့ပတ်လမ်းအတိုင်း စီတန်းလှည့်လည်ပြီး ရုံးပေါင်စုံရှေ့အထိ အင်အား ၃၀၀ လောက်နဲ့ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။