မာရာဝီမြို့တွင် စစ်သွေးကြွလက်ကျန်များနှင့် ဖိလစ်ပိုင်အစိုးရတပ် အပြင်းအထန် တိုက်ခိုက်

ဓာတ်ပုံ - ရိုက်တာ
အစ္စလာမ္မစ် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့တွင်း တနေရာမှာ စစ်သွေးကြွ လက်ကျန်တွေနဲ့ အစိုးရတပ်တွေ အပြင်းအထန် တိုက်ခိုက်နေရပါတယ်။ စစ်သွေးကြွတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် လူ ၃၀ လောက်ဟာ မာရာဝီမြို့တွင်းရှိ လာနာအို ရေကန်အနီးက နှစ်ထပ်တိုက်အဆောက်အဦမှာ အပြင်းအထန် ခုခံတိုက်ခိုက်နေတာ ဖြစ်တယ်လို့ အစိုးရစစ်ဆင်ရေး ဒု-တပ်မှူး ဗိုလ်မှူးကြီး ရိုမီယို ဘရောင်နာက ပြောကြားပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်နေပြီး အခုသီတင်းပတ်အတွင်း စစ်သွေးကြွခေါင်းဆောင် ၂ ဦး သေဆုံးသွားအပြီးမှာ စစ်သွေးကြွအဖွဲ့တွင်း ခေါင်းဆောင်လစ်ဟာမှု ဖြစ်နေတယ်လို့ ရိုမီယိုဘရောင်နာက ပြောကြားပါတယ်။ မာရာဝီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေ သိမ်းပိုက်အပြီး အစိုးရတပ်တွေက ပြန်လည်သိမ်းယူတဲ့ တိုက်ပွဲဟာ  ၅ လလောက် ကြာမြင့်ခဲ့တာပါ။ တိုက်ပွဲကြောင့် လူ ၃ သိန်းထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up