ကြည့်မြင်တိုင်မြို့နယ်တွင် Clean Yangon ကန်ပိန်း ပြုလုပ်
DVB
·
October 22, 2017
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ Clean Yangon ကန်ပိန်းကို အောက်တိုဘာ ၂၂ ရက်နေ့က ကျောင်းလမ်းတလျှောက်မှာရှိတဲ့ လမ်းကြားတွေကိုပါ အမှိုက်စနစ်တကျပစ်ဖို့အတွက် ပြည်သူလူထုတွေကို အသိပညာပေးပြုလုပ်ခဲ့ကြပါတယ်။
ဒီလို အမှိုက်စနစ်တကျပစ်ဖို့အတွက် ပညာပေးမှုကိုတော့ ရန်ကုန်မြို့အတွင်း လူစည်းကားတဲ့နေရာတွေမှာ ၂၀၁၇ မေလကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆို ၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပရဟိတ၊ လူမှုရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်း ၄၀ ကျော်မှ လူအင်အား ၁၀၀၀ နီးပါးက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပရဟိတအဖွဲ့အစည်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှ ကြည့်မြင်တိုင်မြို့နယ် ရေနဲ့သန့်ရှင်းရေးဌာနကို ငွေသားနဲ့အစားအစာတွေ လှူဒါန်းခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဟေမာဝင်း