ကြည့်မြင်တိုင်မြို့နယ်တွင် Clean Yangon ကန်ပိန်း ပြုလုပ်

  ရန်ကုန်မြို့  ကြည့်မြင်တိုင်မြို့နယ်မှာ Clean Yangon ကန်ပိန်းကို အောက်တိုဘာ ၂၂ ရက်နေ့က ကျောင်းလမ်းတလျှောက်မှာရှိတဲ့ လမ်းကြားတွေကိုပါ အမှိုက်စနစ်တကျပစ်ဖို့အတွက် ပြည်သူလူထုတွေကို အသိပညာပေးပြုလုပ်ခဲ့ကြပါတယ်။ ဒီလို အမှိုက်စနစ်တကျပစ်ဖို့အတွက် ပညာပေးမှုကိုတော့ ရန်ကုန်မြို့အတွင်း လူစည်းကားတဲ့နေရာတွေမှာ ၂၀၁၇ မေလကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆို ၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရဟိတ၊ လူမှုရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်း ၄၀ ကျော်မှ လူအင်အား ၁၀၀၀ နီးပါးက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပရဟိတအဖွဲ့အစည်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှ ကြည့်မြင်တိုင်မြို့နယ် ရေနဲ့သန့်ရှင်းရေးဌာနကို ငွေသားနဲ့အစားအစာတွေ လှူဒါန်းခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဟေမာဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up