မီးဘေးသင့်တောင်ငူမြို့မဈေးကြီးဟာ ၃ နှစ်ကျော်ကြာတဲ့ထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးတာဟာ အစိုးရအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ အရင်အစိုးရလက်ထက်က ဈေးဆောက်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီဥက္ကဋ္ဌ ကစွပ်စွဲပြောဆိုလိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးမှာရှိတဲ့ ပြည်တော်ဝင် ဟိုတည်မှာ အောက်တိုဘာ၂၁ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
“အစိုးရအပြောင်းအလဲနဲ့ တကယ်ကို သက်ဆိုင်ပါတယ်။ ကျနော်တို့ ပထမအစိုးရမှာ ခုနကပြောသလို ပဲ လာဘ်ပေးလာဘ်ယူနဲ့ ဒီဈေးကြီးကို ဆောက်ခွင့်ရအောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်စာတွေတက်တယ်။ ဆန္ဒပြပွဲတွေ လုပ်တယ်။ အဲဒါနဲ့ ကျနော်တို့ကို နောက်ဆုံးအဆင့်မှာ last cabinet ကျမှ ကျနော်တို့ကို ဒီအမိန့်ကိုချပေးခဲ့တာပါ။ ဒီအစိုးရလက်ထက်မှာရက် ၁၀၀ စီမံကိန်းမတိုင်မီ ဝန်ကြီးချုပ်ကို သွားတွေ့တယ်။ အကုန်လုံး ကျနော်ပြောတယ်။ ပြောပြီးတော့မှ လာတဲ့အချိန်ကျေတာ့ ဦးဝင်းသိန်းပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါ။ လက်ရှိပါ။ လာတော့ဈေးတည်ဆောက်ရေး မဟုတ်ဘဲ တည်ဆောက်ရေး ကော်မတီဖွဲ့စည်းခြင်းဖြစ်ပါတယ်။ အဲဒီတည်ဆောက်ရေး ကော်မတီဖွဲ့စည်းခြင်းကလည်း ကျနော်တို့ရှေ့မှာရှိပြီးသား တည်ဆောက်ရေးကော်မတီကို အခုထက်ထိလည်း မပျက်ပါဘူး။ အဲဒီကော်မတီမှာ ကျနော်က ဥက္ကဋ္ဌဖြစ်ပြီးတော့ ဦးကြည်သိန်းက ဒုဥက္ကဋ္ဌဖြစ်ပါတယ်။ အခုထပ်ဖွဲ့တဲ့ ကော်မတီမှာ ဦးကြည်သိန်းက ဥက္ကဋ္ဌဖြစ်ပါတယ်။ ကျနော်ကဖယ်ပါတယ်။ ဒါပေမယ့် အခုထက်ထိ ကျနော်တို့ကို လွှမ်းမိုးပယ်ဖျက်တဲ့ အမိန့်လည်း မပေးဘူး။ ဦးကြည်သိန်းတို့က သူတို့အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း စာထုတ်ခိုင်းတော့လည်း မထုတ်ပေးပါဘူး။ အဲဒီတော့အစိုးရအပြောင်းအလဲနဲ့ အများကြီးသက်ဆိုင်ပါတယ်” လို့ ယခင်အစိုးရလက်ထက်က ဈေးဆောက်လုပ်ခွင့်ရထားတဲ့ အောင်စည်တီးသံအများနဲ့ သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာဘဆွေက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါတောင်ငူမြို့မဈေးကြီးဟာ ၂၀၁၄ ခုနှစ်ဖေဖော်ဂါရီ ၁၃ ရက်ညက မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော် ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
သားကြီး(တောင်ငူ)