လိင်ကုန်ကူးမှု နှိမ်နင်းစဉ် ၃ လနှင့် ၅ နှစ်အရွယ် မိန်းကလေး ၂ ဦးအား ကယ်တင်

2.5K
အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် မြို့တော်ဒန်ဗာမှာ အခုနှစ်အတွင်း အက်ဖ်ဘီအိုင် ဦးဆောင်တဲ့ လိင်ကုန်ကူးရေး နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီး နှိမ်နင်းချိန်မှာ အသက် ၃ လသားအရွယ်နဲ့ ၅ နှစ်သမီးအရွယ် ညီအမ ၂ ဦးကို လျှို့ဝှက်အေးဂျန့်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြောင်း စီအန်အန်သတင်းမှာ အောက်တိုဘာလ ၂၀ ရက်နေ့က ဖေါ်ပြထားပါတယ်။
ကလေးတွေမိသားစုရဲ့ သူငယ်ချင်းတဦးဖြစ်တဲ့ လိင်ကုန်ကူးသူက မိန်းကလေး ၂ ဦးကို လိင်ဆက်ဆံမှုပြုဖို့အတွက် ဒေါ်လာ ၆၀၀ နဲ့ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။
အထက်ပါရာဇဝတ်မှုက စိုးရိမ်ဖွယ်ရာဖြစ်ချိန်မှာပဲ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ နိုင်ငံနဲ့အဝှမ်း လိင်ကုန်ကူးရေး နှိမ်နင်းမှုအတွင်း လူပျိုအပျိုပေါ်ဝင်စ ၈၂ ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူ ၁၂၀ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
“ဘာကြောင့် ဒီအရေးကြီးတဲ့အလုပ်ကို ကျနော်တို့ ဆက်လုပ်ဖို့လိုတယ်ဆိုတာက ကလေးတွေ ပုံမှန်ဘဝပြန်ရောက်ဖို့လို့ ရည်ညွှန်းပြီး လိင်ကုန်ကူးသူ တော်တော်များများလည်း ဖမ်းခံရကြောင်း” အက်ဖ်ဘီအိုင်ဒါရိုက်တာ ခရစ်စတိုဖာရေးက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
“ဒီလိုကလေးငယ်တွေရဲ့ ဘဝက အရင်လိုတော့ ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။ လူကုန်ကူးမှုက ကမ္ဘာလုံးဆိုင်ရာ လူထုကျန်းမာရေး ပြဿနာအအကျပ်အတည်းဖြစ်တယ် ဒီကလေးတွေဖြစ်ခဲ့တဲ့ ဖြစ်ရပ်က တကယ့်ကြေကွဲစရာပဲ ဒါပေမယ့် လောလောဆယ် သူတို့ ဘေးကင်းတာ ကျနော် ဝမ်းသာပါတယ်” လို့ ဂုဏ်သိက္ခာကျန်းမာရေှးှဌာနရဲ့ ကလေးသူငယ်လိင်ကုန်ကူးမှုမှ လွတ်မြောက်သူနဲ့ လူနာစောင့်ရှောက်ရေး ဒါရိုက်တာ ဟိုးလီးဂစ်ဘ်စ်က ပြောပါတယ်။
အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ဖျော်ဖြေရေးအတွက် အွန်လိုင်းပေါ်မှာ ကြော်ငြာချိန် လိင်ကုန်ကူးမှု နှိမ်နင်းစစ်ဆင်ရေး ဒုတိယရက်ဖြစ်တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ လိင်ကုန်ကူးခံရသူ အနည်းငယ်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တက်ဆက်ပြည်နယ် အယ်ပါဆိုမြို့က အက်ဖ်ဘီအိုင်တွေက ပြောပါတယ်။
အခုနှစ် လိင်ကုန်ကူးမှု နှိမ်နင်းခြင်း စစ်ဆင်ရေးကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ လိင်ကုန်ကူးခံရသူတွေရဲ့ ပျမ်းမျှအသက်က ၁၅ နှစ်ဖြစ်ပြီး လိင်ခေါင်းတွေက သူတို့ကို အွန်လိုင်း ဒါမှမဟုတ် ကားရပ်နားရာနေရာတွေနဲ့ ဟိုတည်းတွေမှာ တည်းခိုတဲ့ သူစိမ်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်စေခဲ့တာပါ။
တခါတရံမှာ လိင်ကုန်ကူးခံရတာက မိသားစုဝင်တွေ ဒါမှမဟုတ် မိသားစုရဲ့ သူငယ်ချင်းတွေ ပါဝင်ပတ်သက်နေတယ်လို့လည်း သိရပါတယ်။