နိုင်ငံခြားမြေပေါ် အမေရိကန်က ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်မှု အဓိက ပြဿနာဟု ရုရှားပြော

A Russian Heavy Flamethrower System TOS-1 fires during the 'Army-2015' international military forum in Kubinka, outside Moscow, on June 16, 2015. AFP PHOTO / VASILY MAXIMOV (Photo credit should read VASILY MAXIMOV/AFP/Getty Images)
အမေရိကန်အစိုးရက နိုင်ငံခြားမြေပေါ်မှာ လေကြောင်းရန် ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်တာဟာ ရုရှားနဲ့ တရုတ်အတွက် အဓိက ပြဿနာပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ သူ့ဥရောပမဟာမိတ်တွေက ရုရှားနဲ့ တရုတ် နယ်စပ်တွေနားက အာရှ ပစိဖိတ်ဒေသနဲ့ တခြားဒေသတွေမှာ ကမ္ဘာလွှမ်းခြုံ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ဖန်တီးနေတာဟာ ရုရှားနဲ့တရုအတွက် အဓိကပြဿနာဖြစ်နေကြာင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ရုရှားမြို့တော် မော်စကိုမှာ ကျင်းပတဲ့ နိုင်ငံတကာ လက်နက် ဖောခြင်းသောခြင်း ပြန့်ပွားမှု မရှိရေး ညီလာခံအတွင်း မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။ “ဥရောပတိုက်ထဲမှာ တပ်ချထားတဲ့ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ အမေရိကန် ပိုင်နက်ထဲ ပြန်သယ်သွားဖို့နဲ့ နေတိုးရဲ့ပူးတွဲ နျူကလီးယားစစ်ဆင်ရေးကို ဖျက်သိမ်းဖို့ စဉ်ဆက်မပြတ် တောင်းဆိုတယ်။ ဒီလုပ်ရပ်တွေဟာ နျူကလီးယား လက်နက်တွေ ဘယ်လိုသုံးမလဲဆိုတာ စီစဉ်သင်တန်းပေးမှု ပါနေလို့ နျူကလီးယား လက်နက် ဖောခြင်းသောခြင်း မပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up