Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေး ဆွေးနွေးပွဲ ပြုလုပ်
DVB
·
October 20, 2017
တိုက်ကြီးမြို့နယ်တွင် FriendsOfWildlife(FOW) အဖွဲ့နဲ့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ပဲခူးရိုးမတောအတွင်း တောဆင်ရိုင်းသေဆုံးမှု အသက်ခံရမှု ကာကွယ်ရေးအတွက်ဆွေးနွေးပွဲကို တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ရုံးခန်းမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှ တောဆင်ရိုင်းတွေ နေထိုင်ရာ စိမ့်စမ်းတွေကောင်းမှာ လူတွေရှိတဲ့နေရာကို တောဆင်ရိုင်းတွေ လာမှာမဟုတ်ဘူး။ အခုကသစ်တောတွေပြုန်းတီးလာတာနဲ့အမျှ ဆင်တွေက စားကျတ်ပျောက်လာတော့ လူတွေနေရာကိုလာပြီး အစားအသောက်ရှာတယ်။ အဲဒီမှာ လူနဲ့ဆင် ပဋိပက္ခဖြစ်တယ်။ ဒါ့အပြင် ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်မူလည်း ခံရတယ်။ ဒါကြောင့် တောဆင်ရိုင်းတွေ တဖြည်းဖြည်း မျိုးသုန်းပျောက်ကွယ်သွားမှာ ဖြစ်တယ်။ ဒါကြောင့် အုပ်ချူပ်ရေးမှူးတွေနဲ့ ဒေသခံပြည်သူတွေ တောဆင်ရိုင်းတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက်ပူးပေါင်းပါဝင်နိုင်ဖို့ အခုလို့ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်” တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းသူက ပြောပါတယ်။ “တောဆင်ရိုင်းတွေကို ဘယ်လိုထိန်းသိမ်းသင့်ကြောင်း တောဆင်ရိုင်းသေဆုံးပြီးမှ သိတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ တောဆင်ရိုင်းသေဆုံးနေတာကို တွေ့ရှိပါက သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အချိန်နဲ့တပြေးညီ သတင်းပေးဆက်သွယ်ဖို့ နဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေနဲ့ တောဆင်ရိုင်းအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့ ဒေသတွေက အုပ်ချူပ်ရေးမှူးတွေနဲ့ နှင့်ပြည်သူများထံမှအကြံအတွေ့အကြုံ အကြံညဏ်တွေ တောင်းဆိုခဲ့ကြောင်းနဲ့ ၂၀၁၅ ခုနှစ်က ဧရာဝတီတိုင်းက မြို့နယ်သုံးမြို့နယ်မှာ လုပ်ဆောင်ခဲ့တာ အောင်မြင်တဲ့အတွက် ဒီနှစ်တိုက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် လာရောက်လုပ်ဆောင်တာဖြစ်ပြီး အခြေစိုက်စခန်းဖွင့်ပြီး တောဆင်ရိုင်းတွေ သေဆုံးမှု၊ အသတ်ခံရမှုပပျောက်ရေးတို့အတွက် အုပ်ချူပ်ရေးမှူးတွေ ပြည်သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမှာပါ” လို့ တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်း(FOW)ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။ တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းသေဆုံးမှုတွေ ဆင်မုဆိုးအသတ်ခံရမှုတွေကြောင့် တောဆင်ရိုင်းသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး တောဆင်ရိုင်းတွေမှာ ကျေးရွာရှိလူတို့ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ၀င်ရောက်ဖျက်ဆီးပြီး လူနဲ့ထိပ်တိုက်တွေ့ရင် အန္တရာယ်တွေလည်း ဖြစ်ပေါ်နေပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024