DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​လွှတ်​တော် အမတ်များ​ အ​ခြေအ​နေ
DVB
·
March 31, 2012
Donate to DVB

ရွေး​ကောက်ပွဲဝင်ဖို့​ ပြင်ဆင်​နေတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေထဲမှာ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီက​တော့​ သူ့​ရဲ့​ဒေသထဲမှာ မဲစာရင်း​မှား​ယွင်း​မှု​တွေ ရှိ​နေတယ်လို့​ ​ပြောပါတယ်။

မွန်ပြည်နယ် ​မော်လမြိုင်မြို့​နယ်ထဲက ရပ်ကွက်​ပေါင်း​ ၂၂ ခုနဲ့​ ​ကျေး​ရွာ​ပေါင်း​ ၁၉ ရွာမှာ မဲ​ပေး​ပိုင်ခွင့်​ လူစာရင်း​ ၈၀၀၀ ​ကျော်က လူမရှိဘဲ နာမည်ဘဲရှိ​နေပါတယ်။ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲဖြစ်ဖို့​ဆိုရင် ဒီလိုစာရင်း​မှား​နေတာဟာ ပြဿနာ ဖြစ်နိုင်တယ်။ ​ကော်မရှင်ဆီ တိုင်ကြား​ထား​ပေမယ့်​ ပြင်ဆင်စစ်​ဆေး​ဖို့​ အချိန်မမီနိုင်ဘူး​လို့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီက မဲ​အောင်နိုင်​ရေး​ဥက္ကဋ္ဌ ဦး​နိုင်​အောင်ချမ်း​က ဒီဗွီဘီကို ​ပြောပါတယ်။

“မွန်ပြည်နယ်မှာ မဲစာရင်း​က ​တော်​တော်နည်း​သွား​တယ်။ အ​ရေအတွက်က အခု ၁ သိန်း​ ၅ ​သောင်း​ ၈ ​ထောင်​လောက်ပဲ ရှိတယ်။ ဒီထဲမှာ​တောင် မ​နေ့​က ရွာ​တွေက တက်လာမဲစာရင်း​အရ လူမရှိဘဲနဲ့​ မဲစာရင်း​ ရှိတယ်။ ရွာတိုင်း​ နည်း​နည်း​ချင်း​ နည်း​နည်း​ချင်း​ပေါ့​။ ​နောက်ဆုံး​မှာ အကုန်လုံး​ပေါင်း​လိုက်ရင် မဲစာရင်း​ ၈၀၀၀-၇၀၀၀ ​လောက်ရှိမယ်။ လူမရှိတဲ့​ နာမည်ရှိ မဲစာရင်း​တွေ ရှိတယ်။ ဆုံး​သွား​တဲ့​ လူ​တွေ ရှိတယ်​ပေါ့​။ ဥပမာ- ယိုး​ဒယား​(ထိုင်း​) အလုပ်သွား​လုပ်တဲ့​ လူ​တွေဘာ​တွေကို အရင်ကတည်း​က စာရင်း​ကောက်ထား​တယ်။ စာရင်း​ကောက်ထား​တဲ့​ အခါကျ​တော့​ အဲဒီလူ​တွေလည်း​ မရှိ​တော့​ဘူး​လေ။ နာမည်​တွေက မဲစာရင်း​မှာရှိတယ်။ သက်ဆိုင်ရာပါတီ​တွေက​ပေါ့​။ ပါတီကိုယ်စား​လှယ်​တွေက မဲစာရင်း​တွေကို ပြန်ပြုစုတယ်။ အဲဒီအခါကျ​တော့​ လူက မရှိ၊​ နာမည်က မဲစာရင်း​မှာ ရှိ​နေတယ်။ မဲစာရင်း​မှာရှိ​နေ​တော့​ မဲစာရင်း​ကို ဖြတ်​ပေး​ပါလို့​ မဲစာရင်း​ကို တင်ထား​တော့​ ​ကော်မရှင်က​နေ ဖြတ်ဖို့​၊​ မဖြတ်ဖို့​က သူတို့​တာဝန်ဖြစ်တယ်။ အဲဒီ တခုက ပြဿနာ ဖြစ်နိုင်တယ်။ မဲစာရင်း​က ဘယ်သူ့​လက်ထဲ ​ရောက်သွား​မလဲ ဆိုတာ​ပေါ့​။”

စစ်ကိုင်း​တိုင်း​ အထက်ပိုင်း​ ဗန်း​မောက်မြို့​နယ်မှာ အမျိုး​သား​လွှတ်​တော် အမတ်​နေရာအတွက် ဝင်​ရောက်အ​ရွေး​ခံဖို့​ မဲဆွယ်စည်း​ရုံး​နေတဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရစ်တစ်ပါတီ (ကျား​ဖြူပါတီ) က​တော့​ ဒီကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်ပြီး​ တရား​မျှတမယ်လို့​ ယုံကြည်​ကြောင်း​ ပါတီစည်း​ရုံး​ရေး​ အ​ခြေအ​နေ ​ကောင်း​မွန်​ကြောင်း​ကို ပါတီဝင်တဦး​ဖြစ်သူ ဦး​စိုင်း​ပန်က ​ပြောပြပါတယ်။

“ကျ​နော်တို့​ အခုစည်း​ရုံး​ရေး​ ဆင်း​နေတာက ကချင်ပြည်နယ် မိုး​ကောင်း​ရယ်၊​ စစ်ကိုင်း​တိုင်း​ အထက်ပိုင်း​ ဗန်း​မောက်ရယ် ဆင်း​လာခဲ့​တယ်။”

အဲဒီ​ဒေသမှာ မဲမသမာမှု​တွေ မ​တွေ့​ရဘူး​လို့​လည်း​ ဆိုပါတယ်။

“အခု​လော​လောဆယ်​တော့​ မ​တွေ့​ရပါဘူး​။ ​ကောင်း​တယ်လို့​ပဲ ​ပြောရမှာပါ။ အန်အယ်လ်ဒီကလည်း​ ဗန်း​မောက်​ဒေသမှာ ဝင်ပြိုင်ဖို့​ အစီအစဉ် ပျက်သွား​တော့​ ၃ ပါတီပဲ ကျန်ပြီး​ ကျား​ဖြူက အ​ခြေအ​နေ ​ကောင်း​နိုင်တယ်။”

ကြား​ဖြတ်​ရွေး​ကောက်ပွဲ အတွက် ဆရာတို့​ စိတ်ထဲမှာ မသက်မသာ ဖြစ်စရာ​တွေ၊​ စိတ်အ​နှောက်အယှက် ဖြစ်စရာ​တွေ ​တွေ့​နေရပြီး​လား​။

“ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ​တော့​ မ​တွေ့​ရပါဘူး​။ ကြိုတင်မဲ ကိစ္စမှာ​တော့​ ပြသာနာ နည်း​နည်း​ပါး​ပါး​တော့​ ရှိတယ်လို့​ ကြား​တယ်။ ကိုယ်တိုင်​တွေ့​ရတာ​တော့​ မရှိ​သေး​ဘူး​။ စည်း​ရုံး​ရေး​အရ​တော့​ အ​ခြေအ​နေ ​ကောင်း​တယ်လို့​ ​ပြောရမှာပါ။”

စစ်ကိုင်း​တိုင်း​ဒေသကြီး​ အမျိုး​သား​လွှတ်​တော်အမှတ် ၄ နယ်​မြေထဲမှာ ​ကောလင်း​၊​ ဝန်း​သို၊​ ပင်လယ်ဘူး​၊​ ဗန်း​မောက်စတဲ့​ မြို့​နယ် ၄ ခုက မဲဆန္ဒရှင်ပြည်သူ​တွေဟာ ကြံ့​ခိုင်​ရေး​ပါတီ၊​ ကျား​ဖြူပါတီနဲ့​ တစညပါတီက ကိုယ်စား​လှယ်တဦး​ဦး​ကို မိမိ​ဒေသကိုယ်စား​လှယ်အတွက် ​ရွေး​ချယ် တင်​မြှောက်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013